ထုိင္းႏုိင္ငံတြင္က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲသို႔ ေစလႊတ္ရန္ တာခ်ီလိတ္မွ ၿပိဳင္ပြဲဝင္မ်ား ေရြးခ်ယ္မည္

ထုိင္းႏုိင္ငံတြင္က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲသို႔ ေစလႊတ္ရန္ တာခ်ီလိတ္မွ ၿပိဳင္ပြဲဝင္မ်ား ေရြးခ်ယ္မည္
မေ 14, 2019
By Tachileik News Agency

ထိုင္းႏုိင္ငံ၊ ပတၱယားတြင္က်င္းပမည့္ Prince & Princess International ၿပိဳင္ပြဲအတြက္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕မွ ၿပိဳင္ပြဲဝင္ (၅)ဦး အထိ ေရြးခ်ယ္မည္ျဖစ္ရာ ၂၀၁၉ ခုနွစ္၊ ေမလ (၁၆)ရက္ေန႔တြင္ ဟုတ္တက္တရုတ္ဘံုေက်ာင္း၌ က်င္းပမည့္ၿပိဳင္ပြဲအတြင္း ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္ၾကမည္ ျဖစ္ေၾကာင္း သိရသည္။

"ဒီမွာဆုရတဲ့ကေလးက (၇) လပိုင္းမွာ ထိုင္းႏိုင္ငံ၊ ပတၱယားၿမို႕မွာ သြားၿပိဳင္ရမယ္။ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔  ၿပိဳင္ရမယ္။ ရန္ကုန္မွာ တစ္ဆင့္ထပ္ၿပိဳင္စရာ မလိုဘူး။ တာခ်ီလိတ္ကေန တိုက္ရိုက္သြားၿပိဳင္ရမွာ။ ကၽြန္ေတာ္တို႔ ဒီပြဲကေနၿပီးေတာ့ ႏိုင္ငံျခားကိုလႊတ္မယ့္သူ (၃) ေယာက္ကေန (၅) ေယာက္အထိ ေရြးသြားမယ္။ ဒီပြဲက တာခ်ီလိတ္မွာ ပထမဆံုးလုပ္တာေပါ့။ တာခ်ီလိတ္ၿမိဳ႕က အႏုပညာဝါသနာပါတဲ့ကေလးေတြကို ေျမေတာင္ေျမႇာက္ေပးဖို႔ လုပ္တာပါ”ဟု ၿပိဳင္ပြဲက်င္းပသည့္ MMPA တည္ေထာင္သူ ဦးေအာင္ဇင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲသို႔ အသက္ (၄) ႏွစ္မွ (၁၇) ႏွစ္အရြယ္ ေယာက်္ားေလး၊ မိန္းကေလးအားလံုး ဝင္ေရာက္ယွဥ္ၿပိဳင္ႏုိင္မည္ျဖစ္ၿပီး ၿပိဳင္ပြဲဝင္ေလွ်ာက္လႊာမ်ားကို ေမလ (၁၅)ရက္ေန႔ ေနာက္ဆံုးထား၍ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

ထုိင္းနိုင္ငံႏွင့္ စကၤာပူႏုိင္ငံတို႔တြင္ ၂၀၁၈ ခုႏွစ္က က်င္းပခဲ့သည့္ Prince & Princess International ၿပိဳင္ပြဲသို႔ MMPA က ၿပိဳင္ပြဲဝင္ကေလး (၁၆)ဦး ေစလႊတ္ယွဥ္ၿပိဳင္ႏုိင္ခဲ့ရာ ဆုအသီးသီးရရိွခဲ့ၾကေၾကာင္း MMPA ထံမွ သိရသည္။

ၿပိဳင္ပြဲဝင္လိုသူမ်ားအေနျဖင့္ ၿပိဳင္ပြဲဝင္ေလွ်ာက္လႊာမ်ားကို မသီရိ ဖုန္း ၀၉၂၆၁၄၅၀၃၇၉ ႏွင့္  ကိုလင္းထက္လင္း ဖုန္း ၀၉၄၂၁၀၀၉၉၇၂ တုိ႔သို႔ ဆက္သြယ္ရယူေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ပတ္တယားတွင်ကျင်းပမည့် Prince & Princess International ပြိုင်ပွဲအတွက် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ ပြိုင်ပွဲဝင် (၅)ဦး အထိ ရွေးချယ်မည်ဖြစ်ရာ ၂၀၁၉ ခုနှစ်၊ မေလ (၁၆)ရက်နေ့တွင် ဟုတ်တက်တရုတ်ဘုံကျောင်း၌ ကျင်းပမည့်ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြမည် ဖြစ်ကြောင်း သိရသည်။

"ဒီမှာဆုရတဲ့ကလေးက (၇) လပိုင်းမှာ ထိုင်းနိုင်ငံ၊ ပတ္တယားမြို့မှာ သွားပြိုင်ရမယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ပြိုင်ရမယ်။ ရန်ကုန်မှာ တစ်ဆင့်ထပ်ပြိုင်စရာ မလိုဘူး။ တာချီလိတ်ကနေ တိုက်ရိုက်သွားပြိုင်ရမှာ။ ကျွန်တော်တို့ ဒီပွဲကနပြေီးတော့ နိုင်ငံခြားကိုလွှတ်မယ့်သူ (၃) ယောက်ကနေ (၅) ယောက်အထိ ရွေးသွားမယ်။ ဒီပွဲက တာချီလိတ်မှာ ပထမဆုံးလုပ်တာပေါ့။ တာချီလိတ်မြို့က အနုပညာဝါသနာပါတဲ့ကလေးတွေကို မြေတောင်မြှောက်ပေးဖို့ လုပ်တာပါ”ဟု ပြိုင်ပွဲကျင်းပသည့် MMPA တည်ထောင်သူ ဦးအောင်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲသို့ အသက် (၄) နှစ်မှ (၁၇) နှစ်အရွယ် ယောကျာ်းလေး၊ မိန်းကလေးအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်လျှောက်လွှာများကို မေလ (၁၅)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့တွင် ၂၀၁၈ ခုနှစ်က ကျင်းပခဲ့သည့် Prince & Princess International ပြိုင်ပွဲသို့ MMPA က ပြိုင်ပွဲဝင်ကလေး (၁၆)ဦး စေလွှတ်ယှဉ်ပြိုင်နိုင်ခဲ့ရာ ဆုအသီးသီးရရှိခဲ့ကြကြောင်း MMPA ထံမှ သိရသည်။

ပြိုင်ပွဲဝင်လိုသူများအနဖြေင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို မသီရိ ဖုန်း ဝ၉၂၆၁၄၅၀၃၇၉ နှင့် ကိုလင်းထက်လင်း ဖုန်း ဝ၉၄၂၁၀၀၉၉၇၂ တို့သို့ ဆက်သွယ်ရယူလျှောက်ထားနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net