က်ိဳင္းတံုတြင္ မုန္႔၏သက္တမ္းကုန္ဆံုးရက္ကို လိမ္လည္ေဖၚျပသည့္ မုန္႔ထုတ္လုပ္ငန္းကို အေရးယူ

က်ိဳင္းတံုတြင္ မုန္႔၏သက္တမ္းကုန္ဆံုးရက္ကို လိမ္လည္ေဖၚျပသည့္ မုန္႔ထုတ္လုပ္ငန္းကို အေရးယူ
မေ 17, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕မွ မုန္႔ထုတ္လုပ္ငန္းတစ္ခုက မုန္႔မ်ားတြင္ သက္တမ္းကုန္ဆံုးရက္ လိမ္လည္ ေဖၚျပထားသည္ကို စစ္ေဆးေတြ႔ရိွရသျဖင့္ ထုတ္လုပ္မႈလုပ္ငန္းမ်ား ျပင္ဆင္ရန္ (၁၀)ရက္ပိတ္သိမ္းေစၿပီး အေရးယူထားေၾကာင္း သိရသည္။

အဆိုပါမုန္႔ထုတ္လုပ္ငန္းမွ ထုတ္လုပ္သည့္မုန္႔ကို က်ိဳင္းတံုၿမိဳ႕မေစ်းမွ ဝယ္ယူစားသံုးသူတစ္ဦးက မုန္႔တြင္ သက္တမ္းကုန္ဆံုးရက္မေက်ာ္လြန္ဘဲ မိႈတက္ေနသည္ကိုေတြ႔သျဖင့္ စားသံုးသူေရးရာဦးစီးဌာနသို႔ အြန္လုိင္းမွတစ္ဆင့္ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"စားသံုးသူကို လိမ္လည္လွည့္ျဖားသလိုျဖစ္တဲ့အတြက္ ၃၀(က)ကို ခ်ိဳးေဖာက္တာျဖစ္တဲ့အတြက္ အေရးယူလိုက္တာ။ တစ္ဆင့္ေရာင္းတဲ့သူေတြကိုလည္း ရံုးေခၚၿပီး သတိေပးမွတ္တမ္းထိုးခိုင္းထားတယ္။ ဥပေဒအသစ္ ပုဒ္မ (၃၀) မွာပါတယ္။ ဘယ္သူေတြမွာတာဝန္ရိွလည္းဆိုေတာ့ ထုတ္လုပ္တဲ့သူေရာ၊ ကုန္သြယ္တဲ့သူေရာ၊ တစ္ဆင့္ေရာင္းတဲ့သူေရာ အကုန္တာဝန္ရိွတယ္။ ျပစ္မႈ ႀကီးတာ၊ ေသးတာ ဒါပဲကြာတယ္။ ပိတ္ထားတဲ့အခ်ိန္မွာ လုပ္ငန္းလုပ္ရင္ တရားစြဲတဲ့ပုဒ္မ သတ္သတ္ရိွေသးတယ္။ လိမ္လွည္လွည္းျဖားတာတို႔ ထင္ေယာင္ထင္မွားတို႔ဆိုရင္ ေထာင္က (၆) လ၊ (၁) ႏွစ္၊ ဒဏ္ေငြက က်ပ္သိန္း (၁၀၀) ကေန (၂၀၀) ထိရိွတယ္။ ႏွစ္ႀကိမ္က်ဴးလြန္ရင္ပိုဆိုးမယ္"ဟု က်ိဳင္းတံုခရိုင္စားသံုးသူေရးရာဌာနမွ ခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

စားသံုးသူေရးရာဦးစီးဌာနက သက္ဆုိင္ရာတာဝန္ရိွသူမ်ားႏွင့္အတူ အဆိုပါမုန္႔ထုတ္လုပ္ငန္းအား ၂၀၁၉ ခုႏွစ္၊ ေမလ (၁၇)ရက္ေန႔က ဝင္ေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

မိႈတက္ေနသျဖင့္ တုိင္ၾကားခံရသည့္မုန္႔မွာ သက္တမ္း (၅)ရက္သာျဖစ္ေသာ္လည္း သက္တမ္းကုန္ဆံုးရက္ကို (၁၅)ရက္ဟု ေဖၚျပေရာင္းခ်ေနျခင္းျဖစ္သည္ကုိ စစ္ေဆးေတြ႔ရိွရသျဖင့္ ၂၀၁၉ ခုႏွစ္ စားသုံးသူကာကြယ္ေရးဥပေဒ ပုဒ္မ- ၃၀(က)ကို ေဖာက္ဖ်က္က်ဳးလြန္သျဖင့္ ပုဒ္မ-၅၃(ဂ)အရ ထုတ္လုပ္မႈ (၁၀) ရက္ပိတ္သိမ္းအေရးယူထားေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မေစ်းမွ မုန္႔ေရာင္းခ်သည့္ဆုိင္ကိုလည္း သြားေရာက္စစ္ေဆးထားေၾကာင္း သိရသည္။
မၾကာမီက ျပဌာန္းလုိက္သည့္ ၂၀၁၉ ခုႏွစ္ စားသံုးသူေရးရာဥပေဒသစ္အရ စားသံုးသူအခြင့္အေရးခ်ိဳးေဖါက္မႈမ်ားကို ထိေရာက္သည့္ ျပစ္မႈ၊ ျပစ္ဒဏ္မ်ားျဖင့္ အေရးယူႏုိင္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - စားသံုးသူေရးရာ

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံတွင် မုန့်၏သက်တမ်းကုန်ဆုံးရက်ကို လိမ်လည်ဖေါ်ပြသည့် မုန့်ထုတ်လုပ်ငန်းကို အရေးယူ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှ မုန့်ထုတ်လုပ်ငန်းတစ်ခုက မုန့်များတွင် သက်တမ်းကုန်ဆုံးရက် လိမ်လည် ဖေါ်ပြထားသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ ပြင်ဆင်ရန် (၁၀)ရက်ပိတ်သိမ်းစေပြီး အရေးယူထားကြောင်း သိရသည်။

အဆိုပါမုန့်ထုတ်လုပ်ငန်းမှ ထုတ်လုပ်သည့်မုန့်ကို ကျိုင်းတုံမြို့မစျေးမှ ဝယ်ယူစားသုံးသူတစ်ဦးက မုန့်တွင် သက်တမ်းကုန်ဆုံးရက်မကျော်လွန်ဘဲ မှိုတက်နေသည်ကိုတွေ့သဖြင့် စားသုံးသူရေးရာဦးစီးဌာနသို့ အွန်လိုင်းမှတစ်ဆင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"စားသုံးသူကို လိမ်လည်လှည့်ဖြားသလိုဖြစ်တဲ့အတွက် ၃၀(က)ကို ချိုးဖောက်တာဖြစ်တဲ့အတွက် အရေးယူလိုက်တာ။ တစ်ဆင့်ရောင်းတဲ့သူတွေကိုလည်း ရုံးခေါ်ပြီး သတိပေးမှတ်တမ်းထိုးခိုင်းထားတယ်။ ဥပဒေအသစ် ပုဒ်မ (၃၀) မှာပါတယ်။ ဘယ်သူတွေမှာတာဝန်ရှိလည်းဆိုတော့ ထုတ်လုပ်တဲ့သူရော၊ ကုန်သွယ်တဲ့သူရော၊ တစ်ဆင့်ရောင်းတဲ့သူရော အကုန်တာဝန်ရှိတယ်။ ပြစ်မှု ကြီးတာ၊ သေးတာ ဒါပဲကွာတယ်။ ပိတ်ထားတဲ့အချိန်မှာ လုပ်ငန်းလုပ်ရင် တရားစွဲတဲ့ပုဒ်မ သတ်သတ်ရှိသေးတယ်။ လိမ်လှည်လှည်းဖြားတာတို့ ထင်ယောင်ထင်မှားတို့ဆိုရင် ထောင်က (၆) လ၊ (၁) နှစ်၊ ဒဏ်ငွေက ကျပ်သိန်း (၁၀၀) ကနေ (၂၀၀) ထိရှိတယ်။ နှစ်ကြိမ်ကျူးလွန်ရင်ပိုဆိုးမယ်"ဟု ကျိုင်းတုံခရိုင်စားသုံးသူရေးရာဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စားသုံးသူရေးရာဦးစီးဌာနက သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါမုန့်ထုတ်လုပ်ငန်းအား ၂၀၁၉ ခုနှစ်၊ မေလ (၁၇)ရက်နေ့က ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

မှိုတက်နေသဖြင့် တိုင်ကြားခံရသည့်မုန့်မှာ သက်တမ်း (၅)ရက်သာဖြစ်သော်လည်း သက်တမ်းကုန်ဆုံးရက်ကို (၁၅)ရက်ဟု ဖေါ်ပြရောင်းချနေခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် ၂၀၁၉ ခုနှစ် စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ- ၃၀(က)ကို ဖောက်ဖျက်ကျုးလွန်သဖြင့် ပုဒ်မ-၅၃(ဂ)အရ ထုတ်လုပ်မှု (၁၀) ရက်ပိတ်သိမ်းအရေးယူထားကြောင်း သိရသည်။

ကျိုင်းတုံမြို့မစျေးမှ မုန့်ရောင်းချသည့်ဆိုင်ကိုလည်း သွားရောက်စစ်ဆေးထားကြောင်း သိရသည်။
မကြာမီက ပြဌာန်းလိုက်သည့် ၂၀၁၉ ခုနှစ် စားသုံးသူရေးရာဥပဒေသစ်အရ စားသုံးသူအခွင့်အရေးချိုးဖေါက်မှုများကို ထိရောက်သည့် ပြစ်မှု၊ ပြစ်ဒဏ်များဖြင့် အရေးယူနိုင်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - စားသုံးသူရေးရာ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net