မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်( COVID-19 ) နှင့် ပတ်သက်၍ အရေးပေါ် အကြောင်းကြားနိုင်ရန်အတွက် ဆက်သွယ်ရန်ဖုန်းနံပါတ်များကို ထုတ်ပြန်ပေးထားသည်။
တာချီလိတ်မြို့နယ်အတွင်း မိမိတို့ ပတ်ဝန်းကျင်တွင် COVID-19 နှင့် ပတ်သက်၍ ဖျားနာနေသူများ နှင့်သံသယရှိဖွယ်များ၊ နိုင်ငံခြားမှ ပြန်လာပြီး (၁၄)ရက် သီးသန့်နေထိုင်းခြင်းမပြုလုပ်သူများ နှင့် နေအိမ်အတွင်း သီးသန့် (၁၄)ရက် သီးခြားနေထိုင်ခြင်း home quarantine သတ်မှတ်ခံထားရသူများမှ မလိုက်နာဘဲ ပုံမှန်အတိုင်း နေ နေသည်ကို တွေ့ရှိရပါက ထုတ်ပြန်အသိပေးထားသည့် ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency