ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္ အတြင္း၌ အျပည္ျပည္ဆိုင္ရာအလုပ္သမားေရးရာအဖြဲ႔(ILO)၏ ရန္ပံုေငြျဖင့္ အလုပ္သမားညြန္ၾကားမႈ ဦးစီးဌာနႏွင့္ ေမာ္ကြမ္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးအဖြဲ႕တို႔ ပူးေပါင္းၿပီး ျပည္ပေရာက္ျမန္မာေရႊ႕ေျပာင္းအလုပ္သမားမ်ား ကူညီႏိုင္ရန္ ေရႊ႕ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ(MRC) ရံုးကို ၂၀၁၉ ခုႏွစ္ ေမလ (၂၀) ရက္ေန႔ နံနက္က ဖြင့္လွစ္ခဲ့ေၾကာင္း သိရ၀ည္။
"ႏိုင္ငံျခားမွ ာဒုကၡေရာက္ေနလို႔ ကၽြန္ေတာ္တို႔ဆီအေၾကာင္းၾကားရင္ ကၽြန္ေတာ္တို႔ ႏိုင္ငံျခားမွာရိွတဲ့ သံအရာရိွေတြကို ႀကိဳးစားခိုင္းမယ္။ ေျဖရွင္းခိုင္းမယ္။ အဲ့ဒါမွမရဘူးဆိုရင္ ကၽြန္ေတာ္တို႔ႏိုင္ငံျခားမွာရိွတဲ့သံရံုးနဲ႔ပူးေပါင္းၿပီးေတာ့ ကၽြန္ေတာ္တို႔ အလုပ္သမားေရးရာျပသနာေတြ ေရႊ႕ေျပာင္းသြားလာတဲ့အလုပ္သမားေတြ ေခါင္းပံုျဖတ္ မခံရဖို႔တို႔၊ လစာမွန္မွန္ အခ်ိန္မွန္မွန္ရဖို႔တို႔၊ လူကုန္ကူးျခင္း မခံရေအာင္တို႔ ဒါမ်ိဳးေတြကို ကူညီေပးမယ္။ ေနာက္တခုက အေၾကာင္းေၾကာင္းေၾကာင့္ေပါ့။ Over Stay ျဖစ္သြားတယ္။ သူအဖမ္းခံထားရတယ္။ အဲလိုမ်ိဳးျပန္လာခ်င္တဲ့သူေတြလည္း သူတို႔မိဘေတြကေန တဆင့္ ဒီမွာလာေျပာရင္ ကၽြန္ေတာ္တို႔ကေန ကြ်န္ေတာ္တို႔ သံအရာရိွေတြနဲ႔ လြတ္ေျမာက္ရာ လြတ္ေျမာက္ေၾကာင္း ျပည္ပမွာရိွတဲ့ ျမန္မာသံရံုးနဲ႔ ပူးေပါင္းၿပီးျပန္လည္ပို႔ေဆာင္ေရးေတြေဆာင္ရြက္ေပးမွာ ျဖစ္ပါတယ္"ဟု အလုပ္သမားညႊန္ၾကားမႈဦးစီးဌာန၏ ရွမ္းျပည္နယ္ဦးစီးမွဴး ဦးဟန္၀င္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေရႊေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ(MRC)ရံုးမ်ားကို ရွမ္းျပည္နယ္ေျမာက္ပိုင္းရိွ လားရိႈးႏွင့္ မူဆယ္ၿမိဳ႕မ်ားတြင္ ဆက္လက္ဖြင့္လွစ္သြားမည္ျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕ ပတ္၀န္းက်င္ရိွ ေရႊ႕ေျပာင္းအလုပ္သမားမ်ားႏွင့္ ပတ္သက္ၿပီး အကူအညီလိုအပ္ပါက အမွတ္ (၆၉)၊ ေလဆိပ္လမ္း၊ ေဆခမ္းရပ္ကြက္၊ တာခ်ီလိတ္ၿမိဳ႕၊ ဖုန္းနံပတ္ ၀၉-၇၈၅၂၈၂၈၈၅၊ ၀၉-၂၅၆၃၄၅၃၂၆ ကို ဆက္သြယ္အေၾကာင္းၾကားႏိုင္ေၾကာင္း သိရသည္။
Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"နိုင်ငံခြားမှာဒုက္ခရောက်နေလို့ ကျွန်တော်တို့ဆီအကြောင်းကြားရင် ကျွန်တော်တို့ နိုင်ငံခြားမှာရှိတဲ့ သံအရာရှိတွေကို ကြိုးစားခိုင်းမယ်။ ဖြေရှင်းခိုင်းမယ်။ အဲ့ဒါမှမရဘူးဆိုရင် ကျွန်တော်တို့နိုင်ငံခြားမှာရှိတဲ့သံရုံးနဲ့ပူးပေါင်းပြီးတော့ ကျွန်တော်တို့ အလုပ်သမားရေးရာပြသနာတွေ ရွှေ့ပြောင်းသွားလာတဲ့အလုပ်သမားတွေ ခေါင်းပုံဖြတ် မခံရဖို့တို့၊ လစာမှန်မှန် အချိန်မှန်မှန်ရဖို့တို့၊ လူကုန်ကူးခြင်း မခံရအောင်တို့ ဒါမျိုးတွေကို ကူညီပေးမယ်။ နောက်တခုက အကြောင်းကြောင်းကြောင့်ပေါ့။ Over Stay ဖြစ်သွားတယ်။ သူအဖမ်းခံထားရတယ်။ အဲလိုမျိုးပြန်လာချင်တဲ့သူတွေလည်း သူတို့မိဘတွေကနေ တဆင့် ဒီမှာလာပြောရင် ကျွန်တော်တို့ကနေ ကျွန်တော်တို့ သံအရာရှိတွေနဲ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း ပြည်ပမှာရှိတဲ့ မြန်မာသံရုံးနဲ့ ပူးပေါင်းပြီးပြန်လည်ပို့ဆောင်ရေးတွေဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်"ဟု အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ရှမ်းပြည်နယ်ဦးစီးမှူး ဦးဟန်ဝင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရွှေပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ(MRC)ရုံးများကို ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လားရှိုးနှင့် မူဆယ်မြို့များတွင် ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး တာချီလိတ်မြို့ ပတ်ဝန်းကျင်ရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် ပတ်သက်ပြီး အကူအညီလိုအပ်ပါက အမှတ် (၆၉)၊ လေဆိပ်လမ်း၊ ဆေခမ်းရပ်ကွက်၊ တာချီလိတ်မြို့၊ ဖုန်းနံပတ် ဝ၉-၇၈၅၂၈၂၈၈၅၊ ဝ၉-၂၅၆၃၄၅၃၂၆ ကို ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း