တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုး က်ေရာက္မႈ ထိန္းခ်ဳပ္ႏိုင္သည့္ အေနအထားတြင္ရိွ

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း စိုက္ခင္းမ်ားတြင္ ငေျမႇာင္ေတာင္ပိုး က်ေရာက္မႈ ထိန္းခ်ဳပ္ႏိုင္သည့္ အေနအထားတြင္ရိွ
ဇွန် 30, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုးရာသီအေစ့ထုတ္ေျပာင္းစိုက္ခင္းမ်ားတြင္ ဖ်က္အားျပင္းငေျမႇာင္ေတာင္ပိုးမ်ား(Fall Army Warm)က်ေရာက္မႈႏွင့္ ပတ္သက္၍ ၂၀၁၉ ခုနွစ္၊ ဇြန္လကုန္တြင္ ထိန္းခ်ဳပ္ႏိုင္သည့္ အေနအထား၌ ရိွေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း မိုးရာသီအေစ့ထုတ္ေျပာင္းစိုက္ဧက (၂,၆၀၀) ေက်ာ္ရိွၿပီး အမ်ားစုတြင္ ငေျမႇာင္ေတာင္ဖ်က္ပိုးမ်ား က်ေရာက္ခဲ့ေသာ္လည္း အခ်ိန္မီ ႏွိမ္ႏွင္းထားႏိုင္ေၾကာင္းသိရသည္။

"Faw က ထိန္းခ်ဳပ္ႏိုင္ၿပီ ေျပာရမွာေပါ့။ ေနရာအႏွံ႔ကို ေဆးေရာက္သြားတယ္ေပါ့။ ပညာေပးေတြကလည္း ဆက္တိုက္လုပ္ႏိုင္လိုက္တာေပါ့။ ေဆးေတြကို အခမဲ့ျဖန္႔ေပးတာေတြရိွတယ္။ တစ္ခ်ို႕ကို ေတာင္သူတစ္ဝက္ ေပးတာေတြရိွတယ္။ တစ္ခ်ိဳ႕ကေတာ့ ေတာင္သူေတြ ဝယ္တာေပါ့။ ျမန္မာႏိုင္ငံမွာ တရား၀င္မွတ္ပံုတင္ထားတဲ့ေဆးေတြ ႀကိဳတင္စုေဆာင္းေပးထားတာေပါ့။ ေဆးက ရွာမေနရေတာ့ သူတို႔ကိုအခ်ိန္မီေဆးေပးႏိုင္ေတာ့ ထိန္းခ်ဳပ္ႏိုင္သြားတာပါ။ ေပးႏိုင္တဲ့အတိုင္းအတာထိေတာ့ ေဆးေတြအလကားေပးခဲ့ပါတယ္။ သူအတိုင္းအတာေတာ့ရိွတာေပါ့။ တစ္ခ်ိဳ႕အုပ္စုေတြက အလကားေပးတာေတြရိွတယ္။ တစ္ခ်ို႕အုပ္စုေတြက၀ယ္ရတာေပါ့"ဟု စိုက္ပ်ိဳးေရးဦးစီးဌာန တာခ်ီလိတ္ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းခင္ေဇာ္လတ္က ဇြန္လ(၃၀)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ငေျမႇာင္ေတာင္ပိုးက်ေရာက္ေၾကာင္း ေဒသခံေတာင္သူမ်ားက စိုက္ပ်ိဳးေရးဦးစီးဌာနထံ အခ်ိန္မီ အေၾကာင္းၾကားႏုိင္ခဲ့သျဖင့္ အခ်ိန္မီ ထိန္းသိမ္းႏုိင္ခဲ့ၿပီး စိုက္ခင္းမ်ားတြင္ ပ်က္စီးမႈမွာ စီးပြားေရးထိခုိက္ႏို္င္ေခ်မရိွေၾကာင္း သိရသည္။

စိုက္ခင္းမ်ားကို ဖ်က္ဆီးႏုိင္စြမ္း အျမင့္ဆံုး ဖ်က္ပိုးမ်ားတြင္ အေတာင္ေပါက္သည့္ ငေျမႇာင္ေတာင္ဖလံမ်ားသည္ တစ္ညလွ်င္ မုိင္(၆၀)ေက်ာ္အထိ ပ်ံသန္းႏုိင္ၿပီး ဖလံအမတစ္ေကာင္သည္ (၁) ႀကိမ္လွ်င္ ဥေပါင္း (၁၅၀)မွ (၂၀၀)ေက်ာ္အထိ ဥခ်ႏုိင္ၿပီး (၂၁) ရက္အတြင္း ဥေပါင္း (၂၀၀၀) ခန္႔ဥခ်ႏိုင္ေၾကာင္း သိရသည္။

အဆိုပါ ဖလံပိုးဥမ်ားသည္ ႏွစ္ရက္မွ သံုးရက္အတြင္း ေလာက္ေကာင္မ်ားအျဖစ္ ေပါက္ပြားကာ အပင္ငယ္ခ်ိန္မွ ဖူးပြင့္ခ်ိန္အထိ စိုက္ခင္းမ်ားတြင္ ၀င္ေရာက္စားေသာက္ၾကျခင္းျဖစ္ကာ ကိုက္ျဖတ္စားသည့္ အေကာင္အရြယ္ေရာက္လာပါက ႏွိမ္ႏွင္းရခက္ခဲေလ့ရိွေၾကာင္း သိရသည္။

ေတာင္သူမ်ားအေနျဖင့္ မိမိတို႔စိုက္ခင္းတြင္ ငေျမႇာင္ေတာင္ပိုး က်ေရာက္သည့္လကၡဏာမ်ားေတြ႔ရပါက နီးစပ္ရာစိုက္ပ်ိဳးေရးဦးစီးဌာနမ်ားထံ ဆက္သြယ္အေၾကာင္းၾကား အကူအညီရယူႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ခင်းများတွင် ဖျက်အားပြင်းငမြှောင်တောင်ပိုးများ(Fall Army Warm)ကျရောက်မှုနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဇွန်လကုန်တွင် ထိန်းချုပ်နိုင်သည့် အနေအထား၌ ရှိနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း မိုးရာသီအစေ့ထုတ်ပြောင်းစိုက်ဧက (၂,၆၀၀) ကျော်ရှိပြီး အများစုတွင် ငမြှောင်တောင်ဖျက်ပိုးများ ကျရောက်ခဲ့သော်လည်း အချိန်မီ နှိမ်နှင်းထားနိုင်ကြောင်းသိရသည်။

"Faw က ထိန်းချုပ်နိုင်ပြီ ပြောရမှာပေါ့။ နေရာအနှံ့ကို ဆေးရောက်သွားတယ်ပေါ့။ ပညာပေးတွေကလည်း ဆက်တိုက်လုပ်နိုင်လိုက်တာပေါ့။ ဆေးတွေကို အခမဲ့ဖြန့်ပေးတာတွေရှိတယ်။ တစ်ချို့ကို တောင်သူတစ်ဝက် ပေးတာတွေရှိတယ်။ တစ်ချို့ကတော့ တောင်သူတွေ ဝယ်တာပေါ့။ မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ဆေးတွေ ကြိုတင်စုဆောင်းပေးထားတာပေါ့။ ဆေးက ရှာမနေရတော့ သူတို့ကိုအချိန်မီဆေးပေးနိုင်တော့ ထိန်းချုပ်နိုင်သွားတာပါ။ ပေးနိုင်တဲ့အတိုင်းအတာထိတော့ ဆေးတွေအလကားပေးခဲ့ပါတယ်။ သူအတိုင်းအတာတော့ရှိတာပေါ့။ တစ်ချို့အုပ်စုတွေက အလကားပေးတာတွေရှိတယ်။ တစ်ချို့အုပ်စုတွေကဝယ်ရတာပေါ့"ဟု စိုက်ပျိုးရေးဦးစီးဌာန တာချီလိတ်မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ်က ဇွန်လ(၃၀)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ငမြှောင်တောင်ပိုးကျရောက်ကြောင်း ဒေသခံတောင်သူများက စိုက်ပျိုးရေးဦးစီးဌာနထံ အချိန်မီ အကြောင်းကြားနိုင်ခဲ့သဖြင့် အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး စိုက်ခင်းများတွင် ပျက်စီးမှုမှာ စီးပွားရေးထိခိုက်နို်င်ချေမရှိကြောင်း သိရသည်။

စိုက်ခင်းများကို ဖျက်ဆီးနိုင်စွမ်း အမြင့်ဆုံး ဖျက်ပိုးများတွင် အတောင်ပေါက်သည့် ငမြှောင်တောင်ဖလံများသည် တစ်ညလျှင် မိုင်(၆၀)ကျော်အထိ ပျံသန်းနိုင်ပြီး ဖလံအမတစ်ကောင်သည် (၁) ကြိမ်လျှင် ဥပေါင်း (၁၅၀)မှ (၂၀၀)ကျော်အထိ ဥချနိုင်ပြီး (၂၁) ရက်အတွင်း ဥပေါင်း (၂၀၀၀) ခန့်ဥချနိုင်ကြောင်း သိရသည်။

အဆိုပါ ဖလံပိုးဥများသည် နှစ်ရက်မှ သုံးရက်အတွင်း လောက်ကောင်များအဖြစ် ပေါက်ပွားကာ အပင်ငယ်ချိန်မှ ဖူးပွင့်ချိန်အထိ စိုက်ခင်းများတွင် ဝင်ရောက်စားသောက်ကြခြင်းဖြစ်ကာ ကိုက်ဖြတ်စားသည့် အကောင်အရွယ်ရောက်လာပါက နှိမ်နှင်းရခက်ခဲလေ့ရှိကြောင်း သိရသည်။

တောင်သူများအနဖြေင့် မိမိတို့စိုက်ခင်းတွင် ငမြှောင်တောင်ပိုး ကျရောက်သည့်လက္ခဏာများတွေ့ရပါက နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနများထံ ဆက်သွယ်အကြောင်းကြား အကူအညီရယူနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net