ကယားျပည္နယ္အတြင္း႐ွိ ေတာင္သူမ်ားၾကဳံေတြ႕ေနရေသာ ေျမယာျပႆနာမ်ားအား ေျဖ႐ွင္းေပးရန္ ႏွင့္ ဖမ္းဆီးထိန္းသိမ္းခံရေသာ ေတာင္သူမ်ားအားျပန္လြတ္ေပးရန္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၈)ရက္ေန႔တြင္ ဖ႐ူဆိုၿမိဳ႕၌ ေတာင္သူမ်ား အသံတိတ္ ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး ေတာင္းဆိုခ်က္မ်ားအား အစိုးရမွ မေဆာင္ရြက္ေပးပါက အေထြေထြသပိတ္ျပုလုပ္သြားမည္ဖစ္ေၾကာင္း သိရသည္။
"ကြၽန္ေတာ္တို႔ အဓိက က တပ္က သိမ္းထားတဲ့ သိမ္းဆည္းေျမေတြကို အျမန္ဆုံးျပန္ေပးဖို႔ ေနာက္ ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ေတာင္သူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတာျဖစ္တယ္။ ဆႏၵေဖာ္ထုတ္ဖို႔ ေနရာေတာင္းထားတာ သုံးေနရာေလာက္႐ွိတယ္ တစ္ေနရာပဲေပးတယ္ ေဒသႏၱရ အမိန္႔ထုတ္ျပန္ထားတဲ့ ေနရာေတြမို႔ ခြင့္မျပဳဘူး ဒီေနရာတစ္ခုပဲ ခြင့္ျပဳတယ္။ ဒီေတာင္းဆိုခ်က္ေတြကို အစိုးရဘာမွ မလုပ္ေပးရင္ အားလုံးပါဝင္တဲ့ အေထြေထြသပိတ္ႀကီး လုပ္သြားဖို႔႐ွိပါတယ္"ဟု ဦးေဆာင္သူ ခြန္းဘြယ္မွဴး ကေျပာသည္။
သိမ္းဆည္းခံေျမယာမ်ား ျပန္လည္ေပးအပ္ရန္၊ ဖမ္းဆီး ထိန္းသိမ္းခံေတာင္သူမ်ားအား အျမန္ဆုံးလႊတ္ေပးရန္ ၊ ဌာေနတိုင္းရင္းသားတို႔၏ အခြင့္အေရးကို ေလးစားလိုက္နာရန္၊ သိမ္းယူထားေသာ ေတာင္သူေျမမ်ားကို ျပန္လည္ေပးအပ္ရန္ စသည့္ ေတာင္းဆိုခ်က္မ်ားပါဝင္သည့္ ဗီႏိူင္းမ်ားကိုင္ေဆာင္ကာ ဖ႐ူဆိုၿမိဳ႕နယ္ ၊ ေညာင္ဇင္ရပ္ကြက္တြင္ ေတာင္သူ (၄၀)၀န္းက်င္က အသံတိတ္ဆႏၵေဖာ္ထုတ္ခဲ့ၾကျခင္းျဖစ္သည္။
လိြဳင္ေကာ္ၿမိဳ႕နယ္ ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္မ်ားတြင္ ေတာင္သူမ်ားအား တပ္မေတာ္မွ တရားစြဲဆိုထားျခင္းမ်ား ႐ွိသလို ေတာင္သူအခ်ိဳ႕ကို ဖမ္းဆီးထိန္းသိမ္းထားသည့္အတြက္ ေတာင္သူမ်ားမွ တရားဝင္ ၿငိမ္းစုစီ ခြင့္ျပဳခ်က္ရရွိရန္ ဖရူဆို စခန္းတြင္ ဇူလိုင္လ(၅)ရက္ေန႔က တင္ကာ ဒီးေမာ့ဆိုၿမိဳ႕ ႏွင့္ ဖ႐ူဆိုၿမိဳ႕မ်ားတြင္ အသံတိတ္ဆႏၵေဖာ္ထုတ္ပြဲမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး လိြဳင္ေကာ္ၿမိဳ႕တြင္လည္း ျပဳလုပ္သြားရန္ ၿငိမ္းစုစီ တင္ထားေၾကာင္း သိရသည္။
Tachileik News Agency
သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း
"ကျွန်တော်တို့ အဓိက က တပ်က သိမ်းထားတဲ့ သိမ်းဆည်းမြေတွေကို အမြန်ဆုံးပြန်ပေးဖို့ နောက် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်။ ဆန္ဒဖော်ထုတ်ဖို့ နေရာတောင်းထားတာ သုံးနေရာလောက်ရှိတယ် တစ်နေရာပဲပေးတယ် ဒေသန္တရ အမိန့်ထုတ်ပြန်ထားတဲ့ နေရာတွေမို့ ခွင့်မပြုဘူး ဒီနေရာတစ်ခုပဲ ခွင့်ပြုတယ်။ ဒီတောင်းဆိုချက်တွေကို အစိုးရဘာမှ မလုပ်ပေးရင် အားလုံးပါဝင်တဲ့ အထွေထွေသပိတ်ကြီး လုပ်သွားဖို့ရှိပါတယ်"ဟု ဦးဆောင်သူ ခွန်းဘွယ်မှူး ကပြောသည်။
သိမ်းဆည်းခံမြေယာများ ပြန်လည်ပေးအပ်ရန်၊ ဖမ်းဆီး ထိန်းသိမ်းခံတောင်သူများအား အမြန်ဆုံးလွှတ်ပေးရန်၊ ဌာနေတိုင်းရင်းသားတို့၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊ သိမ်းယူထားသော တောင်သူမြေများကို ပြန်လည်ပေးအပ်ရန် စသည့် တောင်းဆိုချက်များပါဝင်သည့် ဗီနိူင်းများကိုင်ဆောင်ကာ ဖရူဆိုမြို့နယ်၊ ညောင်ဇင်ရပ်ကွက်တွင် တောင်သူ (၄၀)ဝန်းကျင်က အသံတိတ်ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။
လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ်များတွင် တောင်သူများအား တပ်မတော်မှ တရားစွဲဆိုထားခြင်းများ ရှိသလို တောင်သူအချို့ကို ဖမ်းဆီးထိန်းသိမ်းထားသည့်အတွက် တောင်သူများမှ တရားဝင် ငြိမ်းစုစီ ခွင့်ပြုချက်ရရှိရန် ဖရူဆို စခန်းတွင် ဇူလိုင်လ(၅)ရက်နေ့က တင်ကာ ဒီးမော့ဆိုမြို့ နှင့် ဖရူဆိုမြို့များတွင် အသံတိတ်ဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွိုင်ကော်မြို့တွင်လည်း ပြုလုပ်သွားရန် ငြိမ်းစုစီ တင်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း