ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္းမွ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္က ေအာင္ျမင္ခဲ့သည့္ တကၠသိုလ္၀င္တန္းေအာင္သူ အာခါတိုင္းရင္းသား ေက်ာင္းသား ေက်ာင္းသူ (၂၉၂)ဦးအား ဂုဏ္ျပဳခ်ီးျမႇင့္ပြဲ အခမ္းအနားကို တာခ်ီလိတ္ၿမိဳ႕ရွိ ေအာင္ျမတ္ခန္းမတြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၅)ရက္ေန႔ ေန႔လည္ပိုင္းက က်င္းပျပဳလုပ္ခဲ့ၾကသည္။
"အာခါတိုင္းရင္းမ်ားအေနျဖင့္ ၁၉၈၀ မတိုင္မီက ပညာတတ္နည္းပါးခဲ့ၿပီး ယခုအခါမွာေတာ့ Ph.D ေဒါက္တာဘြဲ႕ရ (၄) ဦး၊ ေဆးဘက္ဆိုင္ရာေဒါက္တာ(၁၆) ဦးနဲ႔ ေဆးဘက္ဆိုင္ရာ၀န္ထမ္းမ်ား၊ အသိပညာရွင္ အတတ္ ပညာရွင္မ်ား၊ ဌာနဆိုင္ရာ၀န္ထမ္းမ်ားအျဖစ္ တာ၀န္ထမ္းေဆာင္ေနသည့္အတြက္ မ်ားစြာဂုဏ္ယူ ၀မ္းေျမာက္မိပါေၾကာင္း၊ တပ္မေတာ္တြင္လည္း အၿငိမ္းစားဒုတိယဗိုလ္မွဴးႀကီး (၂) ဦး၊ ဗိုလ္ႀကီးအဆင့္အၿငိမ္းစား (၁) ဦး၊ လက္ရိွတပ္မေတာ္မွာ တာ၀န္ထမ္းေဆာင္စဲ တပ္ရင္းမွဴးအဆင့္ ဒုတိယဗိုလ္မွဴးႀကီး (၁) ဦး၊ ဗိုလ္ႀကီးအဆင့္ (၂) ဦးတာ၀န္ထမ္းေဆာင္ေနၿပီး ဗိုလ္ႀကီးတစ္ဦးမွာ ရုရွားႏိုင္ငံတြင္ Ph.D သင္တန္းတက္ေရာက္ေနေၾကာင္း အသိေပးလိုပါတယ္"ဟု ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္က အဖြင့္မိန္႔ခြန္းတြင္ ေျပာၾကားခဲ့သည္။
၂၀၁၉ တကၠသိုလ္၀င္တန္းေအာင္ျမင္သည့္ အာခါတိုင္းရင္းသား ေက်ာင္းသား ေက်ာင္းသူ (၂၉၂)ဦးတြင္ (၅)ဘာသာ ဂုဏ္ထူးရွင္(၁)ဦး၊ (၂)ဘာသာ ဂုဏ္ထူးရွင္ (၃)ဦး ႏွင့္ (၁)ဘာသာ ဂုဏ္ထူးရွင္ (၃၀)ဦး ပါ၀င္ေၾကာင္း၊ အဆိုပါ အာခါတိုင္းရင္းသား ေက်ာင္းသား ေက်ာင္းသူမ်ားတြင္ က်ဳိင္းတံုမွ (၁၄၄)ဦး၊ တာခ်ီလိတ္မွ (၇၄)ဦး၊ မိုင္းျဖတ္မွ (၂၀)ဦး၊ တာေလမွ (၁၈)ဦး၊ မိုင္းဆတ္မွ(၁၄)ဦး၊ မိုင္းေယာင္း ႏွင့္ မိုင္းယုၿမိဳ႕တို႔မွ (၁၁)ဦး၊ တံုတာ မွ (၅)ဦး၊ မိုင္းပ်ဥ္းမွ (၂)ဦး၊ မိုင္းခတ္ မွ (၂)ဦး ႏွင့္ မိုင္းယန္းမွ (၂)ဦးတို႔ျဖစ္ေၾကာင္း သိရသည္။
"ျမန္မာႏိုင္ငံမွာ တိုင္းရင္းသား (၁၃၅) မ်ိဳးရိွပါတယ္။ ဒါေပမယ့္အာခါတိုင္းရင္းသားေတြဟာ ရွမ္းျပည္နယ္အေရွ႕ပိုင္းမွာ အမ်ားစုေနထိုင္ၾကၿပီးမွ လူဦးေရအားျဖင့္ (၂) သိန္းပတ္၀န္းက်င္ေလာက္ရိွတယ္လို႔ ခန္႔မွန္းပါတယ္။ တကယ္တန္း နယ္စပ္ေဒသမွာ မွတ္ပံုတင္မလုပ္ႏိုင္ေသးတဲ့ အိမ္ေထာင္စုစာရင္းမလုပ္ႏိုင္ေသးတဲ့ အာခါတိုင္းရင္းသား မ်ားစြာက်န္ေနေသးတယ္ဆိုတာလည္း ကၽြန္ေတာ္တို႔ ေလ့လာသိရိွရပါတယ္။ ၁၉၈၀ ျပည့္ႏွစ္ကေနၿပီးေတာ့မွ ဒီဘက္ပိုင္းမွာ ပညာေရးကို တစ္မ်ိဳးသားလံုး မိဘေရာ လူႀကီးသူမေတြေရာ ပညာတတ္မွ တျခားတိုင္းရင္းသားေတြနဲ႔ ရင္ေဘာင္တန္းႏိုင္မယ္ဆိုတဲ့စိတ္ဓာတ္မ်ိဳးနဲ႔ ႀကိဳးစားလာခဲ့တာျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ အာခါတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလက ဂုဏ္ျပဳပြဲအခမ္းအနားတြင္ ေျပာၾကားသည္။
အာခါတိုင္းရင္းသားမ်ားအေနျဖင့္ ပညာတတ္မ်ားေမြးထုတ္ႏိုင္ေရးအတြက္ ႏွစ္စဥ္တကၠသိုလ္၀င္တန္းေအာင္ေက်ာင္းသား၊ ေက်ာင္းသူ (၂၀၀) ဦးေမြးထုတ္ႏိုင္ရန္ စီစဥ္ခဲ့ၿပီး ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္တြင္ ေအာင္ျမင္သူ (၂၀၀) ဦးခန္႔၊ ၂၀၁၆-၂၀၁၇ ပညာသင္ႏွစ္တြင္ (၃၀၀) ဦးခန္႔၊ ၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္တြင္ (၂၅၆) ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္တြင္ (၂၉၂) ဦး ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
"လူမ်ိဳးတစ္မ်ိဳး တိုးတက္လာတယ္၊ လူမ်ိဳးတစ္မ်ိဳးက ဘယ္အေျခအေန ဘယ္အဆင့္အတန္းထိရိွတယ္ဆိုတာ ပထမဆံုးတိုင္းတာတာက ပညာေရးပဲျဖစ္ပါတယ္။ ကၽြဲ၊ ႏြား ဘယ္ေလာက္ေမြးႏိုင္လဲ၊ စပါးဘယ္ေလာက္စိုက္ႏိုင္လဲ သတ္မွတ္ျခင္း မရိွပါဘူး။ ရြာတစ္ရြာ၀င္လိုက္ရင္ ပညာတတ္ဘယ္ေလာက္ရိွလဲ ေလ့လာလိုက္ရင္ ဒီလူမ်ိဳးရဲ႕အဆင့္အတန္းကို သိရိွႏိုင္မွာ ျဖစ္ပါတယ္"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕၀င္ လီဆူတိုင္းရင္းသားလူမ်ိဳးေရးရာ၀န္ႀကီး ဦးဂူဆာက ဂုဏ္ျပဳပြဲအခမ္းအနားတြင္ ေျပာၾကားသည္။
အဆိုပါ ဂုဏ္ျပဳပြဲ အခမ္းအနားသို႔ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴးဗုိလ္ခ်ဳပ္ခင္လိႈင္ ၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ အာခါတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလ ၊ လီဆူတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးဂူဆာ ၊ ႐ွမ္းျပည္နယ္(အေရွ႕ပိုင္း)ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏိုင္ ႏွင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းဖြဲ႔မ်ား ေက်ာင္းသား ေက်ာင္းသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။
ဂုဏ္ျပဳပြဲ အခမ္းအနားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္၊ အာခါတိုင္းရင္းသားေရးရာဝန္ႀကီး၏ ဦးေဆာင္မႈျဖင့္ အာခါမ်ဳိးသားဖြံ႔ၿဖဳိးတိုးတက္ေရးပါတီႏွင့္ အာခါအမ်ဳိးသားစာေပႏွင့္ယဥ္ေက်းမႈအသင္းတို႔က ပူးေပါင္းက်င္းပျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)အတြင္းျဖစ္သည့္ တာခ်ီလိတ္ခရိုင္၊ မိုင္းဆတ္ ခရိုင္ ႏွင့္ က်ဳိင္းတံုခရိုင္တို႔မွ ၂၀၁၉ခုႏွစ္အတြင္း တကၠသိုလ္၀င္တန္းေအာင္ အာခါတိုင္းရင္းသားမ်ားကို သီးသန္႔ဂုဏ္ျပဳျခင္းျဖစ္ေၾကာင္း ႏွင့္ ယခုလို ႏွစ္စဥ္ ဂုဏ္ျပဳပြဲက်င္းပျပဳလုပ္ေပးေလ့ရွိေၾကာင္း သိရွိရသည္။
Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"အာခါတိုင်းရင်းများအနဖြေင့် ၁၉၈၀ မတိုင်မီက ပညာတတ်နည်းပါးခဲ့ပြီး ယခုအခါမှာတော့ Ph.D ဒေါက်တာဘွဲ့ရ (၄) ဦး၊ ဆေးဘက်ဆိုင်ရာဒေါက်တာ(၁၆) ဦးနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းများ၊ အသိပညာရှင် အတတ် ပညာရှင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နေသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ တပ်မတော်တွင်လည်း အငြိမ်းစားဒုတိယဗိုလ်မှူးကြီး (၂) ဦး၊ ဗိုလ်ကြီးအဆင့်အငြိမ်းစား (၁) ဦး၊ လက်ရှိတပ်မတော်မှာ တာဝန်ထမ်းဆောင်စဲ တပ်ရင်းမှူးအဆင့် ဒုတိယဗိုလ်မှူးကြီး (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၂) ဦးတာဝန်ထမ်းဆောင်နပြေီး ဗိုလ်ကြီးတစ်ဦးမှာ ရုရှားနိုင်ငံတွင် Ph.D သင်တန်းတက်ရောက်နေကြောင်း အသိပေးလိုပါတယ်"ဟု တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်က အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အာခါတိုင်းရင်းသား ကျောင်းသား ကျောင်းသူ (၂၉၂)ဦးတွင် (၅)ဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး နှင့် (၁)ဘာသာ ဂုဏ်ထူးရှင် (၃၀)ဦး ပါဝင်ကြောင်း၊ အဆိုပါ အာခါတိုင်းရင်းသား ကျောင်းသား ကျောင်းသူများတွင် ကျိုင်းတုံမှ (၁၄၄)ဦး၊ တာချီလိတ်မှ (၇၄)ဦး၊ မိုင်းဖြတ်မှ (၂၀)ဦး၊ တာလေမှ (၁၈)ဦး၊ မိုင်းဆတ်မှ(၁၄)ဦး၊ မိုင်းယောင်း နှင့် မိုင်းယုမြို့တို့မှ (၁၁)ဦး၊ တုံတာ မှ (၅)ဦး၊ မိုင်းပျဉ်းမှ (၂)ဦး၊ မိုင်းခတ် မှ (၂)ဦး နှင့် မိုင်းယန်းမှ (၂)ဦးတို့ဖြစ်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ တိုင်းရင်းသား (၁၃၅) မျိုးရှိပါတယ်။ ဒါပေမယ့်အာခါတိုင်းရင်းသားတွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အများစုနေထိုင်ကြပြီးမှ လူဦးရေအားဖြင့် (၂) သိန်းပတ်ဝန်းကျင်လောက်ရှိတယ်လို့ ခန့်မှန်းပါတယ်။ တကယ်တန်း နယ်စပ်ဒေသမှာ မှတ်ပုံတင်မလုပ်နိုင်သေးတဲ့ အိမ်ထောင်စုစာရင်းမလုပ်နိုင်သေးတဲ့ အာခါတိုင်းရင်းသား များစွာကျန်နေသေးတယ်ဆိုတာလည်း ကျွန်တော်တို့ လေ့လာသိရှိရပါတယ်။ ၁၉၈၀ ပြည့်နှစ်ကနပြေီးတော့မှ ဒီဘက်ပိုင်းမှာ ပညာရေးကို တစ်မျိုးသားလုံး မိဘရော လူကြီးသူမတွေရော ပညာတတ်မှ တခြားတိုင်းရင်းသားတွေနဲ့ ရင်ဘောင်တန်းနိုင်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ ကြိုးစားလာခဲ့တာဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားသည်။
အာခါတိုင်းရင်းသားများအနဖြေင့် ပညာတတ်များမွေးထုတ်နိုင်ရေးအတွက် နှစ်စဉ်တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးမွေးထုတ်နိုင်ရန် စီစဉ်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် အောင်မြင်သူ (၂၀၀) ဦးခန့်၊ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် (၃၀၀) ဦးခန့်၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် (၂၅၆) ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် (၂၉၂) ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။
"လူမျိုးတစ်မျိုး တိုးတက်လာတယ်၊ လူမျိုးတစ်မျိုးက ဘယ်အခြေအနေ ဘယ်အဆင့်အတန်းထိရှိတယ်ဆိုတာ ပထမဆုံးတိုင်းတာတာက ပညာရေးပဲဖြစ်ပါတယ်။ ကျွဲ၊ နွား ဘယ်လောက်မွေးနိုင်လဲ၊ စပါးဘယ်လောက်စိုက်နိုင်လဲ သတ်မှတ်ခြင်း မရှိပါဘူး။ ရွာတစ်ရွာဝင်လိုက်ရင် ပညာတတ်ဘယ်လောက်ရှိလဲ လေ့လာလိုက်ရင် ဒီလူမျိုးရဲ့အဆင့်အတန်းကို သိရှိနိုင်မှာ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဆာက ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဂူဆာ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင် နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုပွဲ အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် အာခါမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းတို့က ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းဖြစ်သည့် တာချီလိတ်ခရိုင်၊ မိုင်းဆတ် ခရိုင် နှင့် ကျိုင်းတုံခရိုင်တို့မှ ၂၀၁၉ခုနှစ်အတွင်း တက္ကသိုလ်ဝင်တန်းအောင် အာခါတိုင်းရင်းသားများကို သီးသန့်ဂုဏ်ပြုခြင်းဖြစ်ကြောင်း နှင့် ယခုလို နှစ်စဉ် ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးလေ့ရှိကြောင်း သိရှိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း