၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး လူထုဟောပြောပွဲအား ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မှ ဦးဆောင်၍ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်က ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီရုံးဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဥပဒေပြင်ဆင်ရေးပုဒ်မများနှင့်အညီ ပြင်ဆင်ရေး၊ မိမိနိုင်ငံအား တိုင်းတစ်ပါးလွှမ်းမိုးမည့် အကြံအား လက်မခံနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်အား တိုင်းရင်းသားများမှ စိတ်ကြိုက်ရွေးချယ်တင်မြှောက်ခွင့် ရရှိရေး ၊ နိုင်ငံချစ် တိုင်းပြည်ချစ်စိတ်နှင့် ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်လိုသည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွန်းရေး၊ လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံလက်မခံနိုင်ကြောင်း နှင့် ၅၉(စ)ပြင်မည့် အကြံအားလက်မခံနိုင်ကြောင်း စသည့်ကြွေး ကြော်သံများဖြင့် ကြွေးကြော်ကာ ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ၅၉(စ)အား ကာကွယ်စောင့်ရှောက်ရေး ဟောပြောပွဲတွင် ရဲရဲတောက်ဂျာနယ် အယ်ဒီတာ ဒေါ်သီရိနေလင်း၊ ရဲတောက်ဂျာနယ်အယ်ဒီတာချုပ် အမတ်ဒိန် နှင့် ဦးအောင်ကျော်ဆန်း(စာပေဆုများရှင်) တို့မှ ဦးဆောင်ဟောပြောခဲ့ကြကြောင်းသိရသည်။
အခမ်းအနားတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဥပဒပြေင်ဆင်ရေးပုဒ်မများနှင့်အညီ ပြင်ဆင်ရေး၊ မိမိနိုင်ငံအား တိုင်းတစ်ပါးလွှမ်းမိုးမည့် အကြံအား လက်မခံနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်အား တိုင်းရင်းသားများမှ စိတ်ကြိုက်ရွေးချယ်တင်မြှောက်ခွင့် ရရှိရေး၊ နိုင်ငံချစ် တိုင်းပြည်ချစ်စိတ်နှင့် ဘာသာ သာသနာ ကာကွယ် စောင့်ရှောက်လိုသည့် နိုင်ငံ့ခေါင်းဆောင်များ ပေါ်ထွန်းရေး၊ လူမျိုးခြား သမ္မတဖြစ်ဖို့ အကြံလက်မခံနိုင်ကြောင်း နှင့် ၅၉(စ)ပြင်မည့် အကြံအားလက်မခံနိုင်ကြောင်း စသည့်ကြွေး ကြော်သံများဖြင့် ကြွေးကြော်ကာ ဇာတိမာန် သီချင်းသီဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း