ထုိင္းႏုိင္ငံဘက္သို႔ သတ္မွတ္နယ္ေျမေက်ာ္လြန္ကာ တရားမဝင္ ဝင္ေရာက္သြားၿပီး ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၁၆) ဦး ျပစ္ဒဏ္ေစ့၍ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ဘက္သို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၃)ရက္ေန႔ နံနက္ (၁၁)နာရီဝန္းက်င္က ထုိင္းတာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလာသည္။
ျပန္လည္လႊဲေျပာင္းေပးလာသည့္ အမ်ိဳးသား (၇)ဦးႏွင့္ အမ်ိဳးသမီး (၉)ဦးတုိ႔သည္ ရွမ္းျပည္နယ္အတြင္းမွျဖစ္ၾကၿပီး ထုိင္းႏုိင္ငံတြင္းသို႔ သြားေရာက္ခြင့္ျပဳထားသည့္ နယ္ေျမထက္ေက်ာ္လြန္သြားလာမႈျဖင့္ ဖမ္းဆီးခံရကာ ျပစ္ဒဏ္က်ခံရၿပီးေနာက္ ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးခံရျခင္းျဖစ္သည္။
ထိုင္းႏိုင္ငံဘက္မွ မယ္ဆုိင္ လဝကအရာရိွ Somsak Singkham ဦးစီးသည့္အဖြဲ႕က လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။
Tachileik News Agency
ဓါတ္ပံု - CNCMC
ပြန်လည်လွှဲပြောင်းပေးလာသည့် အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၉)ဦးတို့သည် ရှမ်းပြည်နယ်အတွင်းမှဖြစ်ကြပြီး ထိုင်းနိုင်ငံတွင်းသို့ သွားရောက်ခွင့်ပြုထားသည့် နယ်မြေထက်ကျော်လွန်သွားလာမှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင် လဝကအရာရှိ Somsak Singkham ဦးစီးသည့်အဖွဲ့က လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - CNCMC