မင်းတပ်မြို့ မြို့မနှစ်ခြင်း ဘုရားကျောင်းကို စစ်ကောင်စီလေတပ် ဗုံးကြဲဖျက်ဆီး 

မင်းတပ်မြို့ မြို့မနှစ်ခြင်း ဘုရားကျောင်းကို စစ်ကောင်စီလေတပ် ဗုံးကြဲဖျက်ဆီး 
ဧပြီ 13, 2025 | အခြားဒေသများ

ချင်းပြည်နယ် မင်းတပ်မြို့ မြို့မနှစ်ခြင်း ဘုရားကျောင်းကို စစ်ကောင်စီလေတပ်က ဗုံးကြဲဖျက်ဆီးလိုက်သည်ဟု ဒေသခံများထံမှ သိရသည်။

ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၁၃)ရက်နေ့ ညနေ(၄)နာရီကျော်တွင် မင်းတပ်မြို့တွင်းရှိ မြို့မနှစ်ခြင်းဘုးရားကျောင်းကို လေယာဥ်နှင့် ဗုံးကြဲဖျက်ဆီးလိုက်သည်ဟု ဆိုသည်။ 

ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကောင်စီလေတပ်သည် မင်းတပ်မြို့ဘုရားကျောင်းကို ပေါင်(၅၀၀)ဗုံး ကြဲချသွား၍ ဘုရားကျောင်းတစ်ခုလုံး ပျက်စီးသွားသည်ဟု ဆိုသည်။ 

အသေးစိတ်အချက်အလက်ကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ Tachileik News Agencyက မေးမြန်းထားဆဲဖြစ်သည်။

#TachileikNewsAgency

Photo: Ling hazard