ငလျင်ကြောင့် သေဆုံးသူများနှင့် တော်လှန်ရေးကာလအတွင်း သေဆုံးသူများအတွက် ပုလဲ ပအဖ ဆွမ်းကပ်အမျှပေးဝေ

ငလျင်ကြောင့် သေဆုံးသူများနှင့် တော်လှန်ရေးကာလအတွင်း သေဆုံးသူများအတွက် ပုလဲ ပအဖ ဆွမ်းကပ်အမျှပေးဝေ
ဧပြီ 11, 2025 | အခြားဒေသများ

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူများနှင့် တော်လှန်ရေးကာလအတွင်း သေဆုံးရဲဘော်များအတွက် ဆွမ်းကပ်တရားနာခြင်းကို ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၁၁)ရက်နေ့တွင် ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြုလုပ်ကြောင်း သိရသည်။ 

                                               

စစ်ကိုင်းငလျင် ကပ်ဆိုးကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများ၊ နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော ပြည်သူများနှင့် ရဲဘော်များ ကောင်းရာဘုံဘဝရောက်စေရန်ရည်ရွယ်၍ သံဃာတော်များ ပင့်ဖိတ်၍ ဆွမ်းကပ်တရားနာကာ ရေစက်ချ အမျှအတမ်းပေးဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ မှ အဖွဲ့ခေါင်းဆောင်များ၊ ရေးရာတာဝန်ခံများ၊ အဖွဲ့ဝင်များ၊ တိုက်နယ်၊ ရပ်ကျေးတို့မှ ပအဖ၊ ပကဖများနှင့် ပုလဲမြို့နယ်အတွင်းမှ ပြည်သူများ စုပေါင်းပြုလုပ်ကြခြင်းဖြစ်သည်။

#TachileikNewsAgency

Photo:ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့