ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများ အပါအဝင် (၂၀)ကျော် သေဆုံး

ဝန်းသိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးများ အပါအဝင် (၂၀)ကျော် သေဆုံး

စစ်ကိုင်းတိုင်း ဝန်းသိုမြို့နယ် နမ်းခမ်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် (၂၀)ဦးကျော် သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ(၉)ရက်နေ့ ညနေ(၃)နာရီကျော်အချိန်က ဂျက်ဖိုက်တာ (၃)စီးဖြင့် လာရောက် ဗုံးကြဲပစ်ခတ် တိုက်ခိုက်သွားပြီးနောက် ည(၆)နာရီ ဝန်းကျင်အချိန်တွင် ဂျက်ဖိုက်တာဖြင့် ထပ်မံလာရောက်ပြီး ဗုံးကြဲတိုက်ခိုက်သွားကြောင်း Kawlin info က ကနဦး သတင်းထုတ်ပြန်ထားသည်။ 

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကလေးများအပါအဝင် (၂၀)ကျော်သေဆုံးခဲ့ရပြီး သေဆုံးသူများတွင် အမျိုးသမီး အများစု ပါဝင်ကြောင်း သိရသည်။ 

#TachileikNewsAgency

Photo: Kawlin info