ငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမြို့တွင်း အခြေအနေ

ငလျင်ကြောင့်ပျက်စီးသွားသည့် မန္တလေးမြို့တွင်း အခြေအနေ

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့တွင် အပျက်အစီးများပြီး လူသေဆုံးမှုလည်း များနေရာ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့ အခြေအနေကို မြင်တွေ့ရခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ယနေ့ မတ်လ(၂၉)ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ မန္တလေးတိုင်းအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူ(၇၀၀)ဦးဝန်းကျင်ရှိနေပြီး ဒဏ်ရာရသူ(၁၆၄၀)ဦးနှင့် ပျောက်ဆုံးနေသူ (၆၈)ဦးရှိသည်ဟု ဆိုသည်။

ထို့အပြင် နေအိမ်(၁၅၉၁)လုံး၊ ဘုန်းကြီးကျောင်း(၆၇၀)ကျောင်း၊ စာသင်ကျောင်း(၆၀)၊ တံတား(၃)စင်း၊ စေတီ (၂၉၀)ပျက်စီးသည်ဟုလည်း စစ်ကောင်စီဘက်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတဝှမ်းလုံးနီးပါး ငလျင်ဒဏ်ကို ခံစားလိုက်ရပြီး မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ရှမ်းတောင်တို့တွင် အပျက်အစီးများကာ လူထိခိုက်သေဆုံးမှုများခဲ့ရကာ တရုတ်၊ ရုရှားတို့မှ ကူညီကယ်ဆယ်ရေးများအဖွဲ့ဝင်များ လာရောက်နေကာ အိန္ဒိယမှ ထောက်ပံ့ရေးပစ္စည်းများပို့ဆောင်ထားသည်။

#TachileikNewsAgency

Photo:Internet