စစ်ကောင်စီတပ်သား ၄ ဦး လက်နက်နှင့်အတူထွက်ပြေးလာ

စစ်ကောင်စီတပ်သား ၄ ဦး လက်နက်နှင့်အတူထွက်ပြေးလာ
မတ် 27, 2025 | ကယား

စစ်ကောင်စီတပ်သား (၄)ဦး MA-1 တစ်လက်နှင့်အတူ ထွက်ပြေးလာ၍ ၂၀၂၅ ခုနှစ် မတ်လ (၂၆)ရက်နေ့တွင် ခိုလှုံလာသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ်(၅) တပ်ရင်းထံမှ သိရသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦးထဲမှ (၃)ဦးမှာ ပြည်သူ့စစ်မှုထမ်းတပ်သားများဖြစ်ပြီး ၎င်းတို့သည် အတင်းအဓမ္မ တပ်သားသစ်အဖြစ် စုဆောင်းခံရသူများဖြစ်ကြသည်ဟု သိရသည်။

၎င်းတို့သည် စစ်ကောင်စီမှ သင်တန်းပို့ချနေသည့် ကာလများတွင် ထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း လွတ်မြောက်ခြင်းမရှိခဲ့ဘဲ ရှေ့တန်းစစ်မြေပြင်သို့ အဓမ္မပို့ဆောင်ခံခဲ့ရသူများဖြစ်ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်သား (၄)ဦးကို KNDF အမှတ်(၅) တပ်ရင်းမှ သက်ဆိုင်ရာဌာနသို့ လွဲပြောင်း၍ လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားသည်ဟု သိရသည်။

#TachileikNewsAgency