မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်နေမှုများ မကြာခန ပြုလုပ်နေကြောင်း သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံမှ သိရသည်။
၂၀၂၅ခုနှစ် မတ်လ (၂၄)ရက်နေ့တွင် စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် အရှေ့ကာကင်းများအား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာရာ တော်လှန်ရေးတပ်များပူးပေါင်း၍ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ အထိနာ၍ ဆုပ်ခွာသွားရသည်ဟု ဆိုသည်။
မတ်လအတွင်း စစ်ကောင်စီတပ်သည် မိုးဗြဲမြို့အတွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းများဖြင့် နေ့စဥ်တိုက်ခိုက်နေခြင်းကြောင့် အရပ်သားနေအိမ်များ မီးလောင်ပျက်စီးနေရသည်ဟု သိရ သည်။
မိုးဗြဲမြို့တွင် နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲများ၊ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှုများဖြစ်နေ၍ ပြည်သူများ မြို့အနီးဝန်းကျင်များသို့ မလိုအပ်ပါက သွားလာခြင်းမပြုလုပ်ကြရန် KNDF က တိုက်တွန်းထားသည်။