ဘောလခဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတချို့နှင့် လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိထား

ဘောလခဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားတချို့နှင့် လက်နက်ခဲယမ်းများကို တော်လှန်ရေးတပ်များ သိမ်းဆည်းရရှိထား
မတ် 22, 2025 | ကယား

ကရင်နီပြည်နယ် ဘောလခဲမြို့တိုက်ပွဲမှ စစ်ကောင်စီတပ်သား တချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိထားသည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက လူမှုကွန်ရက်တွင် ဖော်ပြသည်။ 

၂၀၂၅ခုနှစ် မတ်လ (၁၉)ရက်နေ့က ဘောလခဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ တိုက်ခိုက်နေရာ ဗိုလ်မှူးမျိုးမင်းသူ အပါအဝင် စစ်ကောင်စီတပ်သား အများအပြားသေဆုံးပြီး တပ်သားတချို့နှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခြင်းဖြစ်သည်ဟု ဆိုသည်။

“မင်းတို့ တောင်းတလွန်းတော့လည်း တင်ပေးရတာပေါ့။ ဘောလခဲမှာ ဘာတွေဖြစ်နေလဲဆိုတာ။ ၅၁၅ တို့ လ၁ တို့ ဘာတွေဖြစ်နေလဲဆိုတာ။ မင်းတို့ရဲ့ ဗျူဟာမှူးကို မေးကြည့်ပေါ့။ ကိုယ့်ဟာကိုယ် အာသာဖြေတာတော့ SAC လော်ဘီလောက်တော်တာမရှိ။ ဗကမျိုးမင်းသူရဲ့ အမျိုးအဆွေများလည်းသိပြီလား မသိသေးဘူးလားတော့ မပြောတတ်။ မသိသေးရင်လည်း ဘုန်းကြီးပင့်လိုက်အုံးလို့ပဲ လှမ်းပြောပါရစေ။”ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီ က ရေးသားထားသည်။ 

ဘောလခဲဗျူဟာတွင် စစ်ကောင်စီတပ်က တပ်ရင်း(၃)ရင်းဖြင့် အထိုင်ချခြင်းဖြစ်ပြီး အင်အားဖြည့်တင်းထားသည်ဟုလည်း ဆိုသည်။

#TachileikNewsAgency

Photo:Maui Karenni