မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း လက်နက်ကိုင်ဆောင်ထားသည့် လူငယ်တစ်စုက နေအိမ်အတွင်း ဝင်ရောက်ကာ ဓါးပြတိုက်ပြီး ကားတစ်စီး မောင်းယူသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)ရှိ နေအိမ်တွင်းသို့ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က သေနတ်နှင့်ဓါး ကိုင်ဆောင်ထားသည့် လူငယ်(၄)ဦး ဝင်ရောက်လာပြီး ကားတစ်စီး မောင်းယူသွားကြောင်း သိရသည်။
၎င်းတို့ ယူဆောင်သွားသည့် ကားမှာ Crown အမျိုးအစား အဖြူရောင်ကားတစ်စီးဖြစ်ကြောင်း သိရသည်။
ခိုးဆိုးလုယက်မှုများနှင့် ပြန်ပေးစွဲမှုများ အပြင် ဓါးပြတိုက်မှုများ နေ့စဉ်နီးပါ ဖြစ်ပွားနေသည့် တာချီလိတ်မြို့တွင် ဇန်နဝါရီလ၏ တတိယပတ်အတွင်းကလည်း ဖန်မင်ကျေးရွာအုပ်စုအတွင်း၌ ပြန်ပေးဆွဲမှု ဖြစ်ပွား၍ ဟောင်လိတ်နယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသော်လည်း ထူးခြားမှု မသိရသေးကြောင်း သိရသည်။