မြန်မာနိုင်ငံနှင့်အနီးဆုံးနေရာတွင် မူးယစ်မှောင်ခို အဖွဲ့ နှင့် ထိုင်းစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မြန်မာနိုင်ငံနှင့်အနီးဆုံးနေရာတွင် မူးယစ်မှောင်ခို အဖွဲ့ နှင့် ထိုင်းစစ်တပ်တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ဖားလုံဒေသအတွင်း မြန်မာနယ်စပ်နှင့် မိုင်ဝက်နီးပါး (မီတာ ၆၀၀)အကွာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့  ညပိုင်းက  မူးယစ်မှောင်ခိုအဖွဲ့နှင့် ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့တို့ကြား မိနစ် (၂၀)ဝန်းကျင်အကြာ ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

မယ့်ဖားလုံဧရိယာအတွင်း နယ်စပ်ကင်းလှည့်နေသည့် ထိုင်းစစ်တပ်က ယမန်နေ့ ညပိုင်းတွင် မြန်မာနယ်စပ်အနီး  တောလမ်းအတိုင်း အထုပ်အပိုးများ သယ်လာသည့် လူဦးရေ (၁၀)ဦးအထက်ရှိသည့် အဖွဲ့အား သံသယဖြစ်ဖွယ်တွေ့သဖြင့် တားဆီးရန်ကြိုးစားစဉ်  အဆိုပါအဖွဲ့က စတင်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထိုင်းနယ်စပ်ကင်းလှည့်အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှု မိနစ် (၂၀)ဝန်းကျင်အကြာ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါအနီးတဝိုက်ကို ထိုင်းစစ်တပ်က လုံခြုံရေးယူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင်  ပစ်ခတ်မှုဖြစ်ပွားခဲ့ရာနေရာအား နယ်မြေရှင်းလင်းရေး ပြုလုပ်ရာ သေဆုံးနေသည့် အလောင်း(၄)လောင်း နှင့်အတူ   အထုပ်ပေါင်း (၃၄)ထုပ်နှင့်  တွေ့ခဲ့ရသည်ဟု သိရသည်။

သိမ်းဆည်းရမိသည့် အထုပ်များထဲမှ အိုက်စ် မူးယစ်ဆေးအလေးချိန် (၁,၁၅၅) ကီလိုဂရမ်ဝန်းကျင်ကို သိမ်းဆည်းရမိသည်ဟု သိရသည်။

#TachileikNewsAgency

Source: Maesai Press, Khoasod

Photo: ส่องเชียงราย