အာဏာသိမ်းစစ်ကောင်စီ၏ နည်းမျိုးစုံဖြင့် အဓမ္မစုဆောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသည့် တပ်သားများအနက် တပ်သား(၄)ဦး KNDF ထံ လက်နက်နှင့်အတူ ဘက်ပြောင်း ခိုလှုံလာကြောင်း KNDF ၏ ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာလ(၁၈)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ကရင်နီပြည်နယ်အတွင်း ရှေ့တန်းတစ်နေရာတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( Karenni Nationalities Defence Force - KNDF )ထံ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့က စစ်ကောင်စီတပ်သား (၄)ဦးသည် MA-1 သေနတ် (၃)လက် နှင့်အတူ ထွက်ပြေးလာပြီး ဘက်ပြောင်းခိုလှုံလာခြင်း ဖြစ်ကြောင်း သိရသည်။
ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သား (၄)ဦးမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်ဖြင့် အဓမ္မစုစောင်းခံရပြီး ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရသူများဖြစ်သည်ဟု KNDF ၏ ထုတ်ပြန်ချက်အရ သိရသည်။
"စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်စနစ် သက်ဆိုးရှည်စေရေးနှင့် လူတစ်စု ကောင်းစားရေးအတွက် ပေးဆပ်လုပ်ကိုင်နေသော ဘဝနှင့် ပြည်သူအပေါ် ကျောခိုင်းခြင်းမျိုး မပြုလုပ်ကြဘဲ လွတ်လပ်မျှတသော စနစ်တစ်ခုအမြန်ပေါ်ထွန်းနိုင်ရန် ပြည်သူသို့မျက်နှာမှု၍ ယုံကြည်စွာဖြင့် မိမိတို့ထံ ဘက်ပြောင်းခိုလှုံလာကြဖို့ ကြိုဆိုတိုက်တွန်းကြောင်း"လည်း KNDF က အသိပေးထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: KNDF