ဆီဆိုင်မြို့နယ် တွေပူးကျေးရွာသူကြီးအား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းဆီး

ဆီဆိုင်မြို့နယ် တွေပူးကျေးရွာသူကြီးအား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဖမ်းဆီး

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအုပ်စု တွေပူးကျေးရွာ ရွာသူကြီးအား စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသွားကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့တွင် ထုတ်ပြန်သည်။

PNO ပြည်သူ့စစ်များက တွေပူးကျေးရွာ ရွာသူကြီးကို ဒီဇင်ဘာလ (၇)ရက်နေ့ ည (၁၁)နာရီတွင် ၄င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

တွေပူးရွာသူကြီး ဖြားဒုံးကျော်ကို PNO ပြည်သူ့စစ်က မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ ဒေသခံပြည်သူများက လိုက်လံစုံစမ်းနေဆဲဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ (၈) ရက်နေ့ကလည်း စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တွေပူးကျေးရွာမှ ကျောင်းသူတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNO ပြည်သူ့စစ်များ (ပုံဟောင်း)