ကန်ချနဘူရီခရိုင်အတွင်း မြန်မာ ၉ ဦးကိုဖမ်းမိရာက ကျည်ဆံများပါ သိမ်းဆည်းရရှိ

ကန်ချနဘူရီခရိုင်အတွင်း မြန်မာ ၉ ဦးကိုဖမ်းမိရာက ကျည်ဆံများပါ သိမ်းဆည်းရရှိ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် မူယန်င်မြို့နယ်ရှိ ဘန့်ကောင်ကျေးရွာအနီးတွင် မြန်မာနိုင်ငံသား(၉)ဦးကို ဖမ်းဆီးစစ်ဆေးရာက ကျည်ဆံ(၃၀၀၀)နီးပါး သိမ်းဆည်းရရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ 

၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ ညပိုင်းက ဘန့်ကောင်ကျေးရွာအနီးရှိ ဘန့်ကောင်-ဟွေ့နမ်းခေါင် လမ်းမ‌၌ ကင်းလှည့်နေစဉ် လူတစ်စုကိုတွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးခဲ့ရာက အထောက်အထားမဲ့ မြန်မာ(၉)ဦးဖြစ်သည်ကို သိရှိရသည်ဟု ဆိုသည်။

 

မြန်မာ(၉)ဦးနေထိုင်ရာ မူယန်င်မြို့နယ် အမှတ် (၁၅)၊ ဘန့်ကောင်ကျေးရွာရှိ နေအိမ်ကို ထပ်မံစစ်ဆေးရာက စက္ကူ ဂျပ်ဖာများအတွင်းမှ ကျည်ဆံ(၂၀,၇၅၀)တောင့်ကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။ 

ကန်ချနဘူရီရဲစခန်းက မြန်မာ(၉)ဦးအနက်မှ တစ်ဦးကို တရားမဝင် လက်နက်ခဲယမ်း လက်ဝယ်ထားရှိမှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုတို့ဖြင့် အမှုဖွင့်ထားပြီး ကျန်(၈)ဦးကို ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်မှုဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Naewnanews