ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအပြီး ပြန်လာသည့်ယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး ဆရာမ နှင့် ကလေးအများအပြား ဒဏ်ရာရ 

ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအပြီး ပြန်လာသည့်ယာဉ်တိမ်းမှောက်ကာ ယာဉ်မောင်းသေဆုံး ဆရာမ နှင့် ကလေးအများအပြား ဒဏ်ရာရ 

ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းတွင် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအပြီး၍ ပြန်လာသည့် ကားတစ်စီးတိမ်းမှောက်မှုဖြစ်ကာ ယာဉ်မောင်းသေဆုံးပြီး ဆရာမ(၃)ဦး နှင့် ကျောင်းသား၊ ကျောင်းသူအများအပြားဒဏ်ရာရသည်ဟု သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့က ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအပြီးတွင် ထရပ်ကားဖြင့် ဆရာမ(၃)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့ ပြန်လာရာ ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး ယာဥ်မောင်းသေဆုံးကာ ကလေးငယ်အများအပြား ဒဏ်ရာရသည်ဟု သိရသည်။ 

“ဆရာမတွေနဲ့ ကျောင်းသားအားလုံးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့တယ်။ ကျောင်းသား(၄)ဦးက အခြေအနေစိုးရိမ်ရတယ်။  လမ်းအခြေအနေက တော်တော်ဆိုးတယ်။ အဲဒါကြောင့် တိမ်းမှောက်သွားတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဖြစ်စဉ်မှာ ကားဂီယာတံပြုတ်ပြီး အရှိန်မထိန်းနိုင်ဘဲ ဟန်လီကျေးရွာအနီးနားတွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖရူးခေါကိုယ်ထူကိုယ်ထကျောင်းမှ ဆရာမ(၃)ဦးနှင့် ကျောင်းသူ၊ ကျောင်းသား(၁၅)ဦး ဒဏ်ရာရှိခဲ့ကာ ယာဥ်မောင်းအမျိုးသား မောင်ပီတယ် (၂၄)နှစ်မှာ သေဆုံးသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: CTER-Karenni