ဖယ်ခုံမြို့နယ် ကာလကျေးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

ဖယ်ခုံမြို့နယ် ကာလကျေးရွာကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး သေဆုံး

ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်အရှေ့ဖက်ကမ်းရှိ ကာလရွာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်နှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ကာလကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ည(၁၁)နာရီခွဲတွင် လေကြောင်းဖြင့် ဗုံး‌(၄)လုံး‌ ကြဲချတိုက်ခိုက်ခြင်းကြောင့် အသက်(၃၅)နှစ်ဝန်းကျင် စစ်ရှောင်အမျိုးသား တစ်ဦးနှင့် အသက်(၄၀)ဝန်းကျင် အမျိုးသမီးတစ်ဦးတို့ သေဆုံးပြီး နေအိမ်များ ပျက်စီးသွားကြောင်း သိရသည်။

ကာလကျေးရွာသည် တိုက်ပွဲဖြစ်ပွားရာနေရာမဟုတ်ဘဲ ပြည်သူများ စပါး‌၊‌‌ ပြောင်း၊ လယ် ခြံစသည့်လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကာ လုပ်ကိုင်စားသောက်နေသည့် ကျေးရွာဖြစ်သည်ဟုလည်း သိရသည်။

#TachileikNewsAgency

Photo: အင်းလေးလူထု