Federal Wings မှ Federal Shield အမည်ရှိ Drone Jammer အား အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်

Federal Wings မှ Federal Shield အမည်ရှိ Drone Jammer အား အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်

Federal Wings မှ R&D တပ်ဖွဲ့၏ ကြိုးစားအားထုတ်မှုဖြင့် Federal Shield အမည်ရှိ Drone Jammer အား အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ကြောင်း ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Federal Shield သည် စစ်ကောင်စီတပ်၏ ဒရုန်းအသုံးပြု တိုက်ခိုက်မှုများမှ ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တော့မည်ဖြစ်ပြီး ဝယ်ယူရခက်ခဲမှုနှင့် ဈေးနူန်းကြီးမြင့်များကို ကျော်လွှားနိုင်တော့မည်ဖြစ်ကြောင်း Federal Wings အဖွဲ့က ဆိုသည်။

“လတ်တလော အခြေအနေအရတော့ ပို့စ်တင်ထားတဲ့အတိုင်းပဲ ရနိုင်ပါသေးတယ်ဗျ” ဟု Federal Shield နှင့် ပက်သက်ပြီး Tarchileik News Agency ၏ မေးမြန်းမှုအား Federal Wings မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။

Federal Wings အဖွဲ့၏ R&D ကိစ္စရပ်များကို အရှိန်အဟုန်မပျက် လုပ်ဆောင်နိုင်ရန်အတွက် ဘတ်သန်းချီပြီး ယုံကြည်စွာ ပံ့ပိုးကူညီခဲ့သည့် နာမည်မဖော်လိုသည့် တော်လှန်ရေးမိတ်ဆွေများကို ကျေးဇူးတင်ဂုဏ်ပြုကြောင်းလည်း Federal Wings က အသိပေးထားသည်။

၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းမှစတင်ပြီး Federal Wings ၏ ဒရုန်း Generation အသစ်များသည် Federal Wings ၏ ကိုယ်ပိုင် Design & Fabrication များဖြစ်လာပြီး ၊ FW (Hercules) အမည်ရှိ ဒရုန်းမော်ဒယ် အသစ်တမျိုးကိုလည်း နိုဝင်ဘာလ (၁) ရက်နေ့တွင် Federal Wings မှ ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ဖော်ပြသထားသည်။

#TachileikNewsAgency

Photo: Federal Wings