ရွာငံမြို့ တွင် အမြင့်ပေ ၂၀၀ ဝန်းကျင်ရှိ ချောက်အတွင်း ဘုရားဖူးကားထိုးကျကာ နှစ်ဦးသေဆုံး

ရွာငံမြို့ တွင် အမြင့်ပေ ၂၀၀ ဝန်းကျင်ရှိ ချောက်အတွင်း ဘုရားဖူးကားထိုးကျကာ နှစ်ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ အောင်ပန်း-ဟံမြင့်မိုရ် ကားလမ်းတွင် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် အမြင့်ပေ (၂၀၀)ဝန်းကျင်ရှိ ချောက်အတွင်းသို့ ဘုရားဖူးကား တိမ်းမှောက်ကာ (၂)ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၂၄)ဦးလိုက်ပါလာသည့် အဆိုပါ ဘုရားဖူးကားသည် ရွာငံ နှင့် သံဘိုရွာကြား အမြင့်ပေ(၂၀၀)ဝန်းကျင်ရှိ ချောက်အတွင်းသို့ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ကားတစ်စီး တိမ်းမှောက်ကျသွားကြောင်း သတင်းပေးရရှိသဖြင့် မြန်မာနိုင်င်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)မှ ရှာဖွေကယ်ဆယ်ရေးယာဥ်နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက သွားရောက်ကူညီကယ်ဆယ်ပေးခဲ့ရကြောင်း သိရသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် မြန်မာနိုင်င်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်းရုံး)ထံ မေးမြန်းထားဆဲဖြစ်သည်။

#TachileikNewsAgency

Photo: မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ