ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ ညနေပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ကြောင်း MNDAA ထံမှ သိရသည်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ညာလက်မောင်းဒဏ်ရာရရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အဦး ပျက်စီးသွားကြောင်း သိရသည်။
ထို့အပြင် အနီးနားရှိ မွေးမြူထားသည့် ကျွဲနှစ်ကောင်ကိုလည်း ဗုံးစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်ကောင်စီသည် ၎င်းတို့စစ်ရှုံးသွာသည့် မြို့၊ ရွာများကို ပစ်မှတ်ထားပြီး ဗုံးကြဲတ်ုက်ခိုက်ခြင်းများကြောင့် ပြည်သူများ ထိခိုက်သေဆုံးခြင်းများရှိနေသည်။
#TachileikNewsAgency
Photo: 果敢资讯网