အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံး

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံး

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တော်လှန်ရေးတပ်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၂)ဦး သေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း မြောအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ထံမှ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့က ဂမုန်းရေလှောင်တမံသို့ ဝိုင်းကျေးရွာရဲစခန်းဘက်မှ တက်လာသည့် အင်အား(၄၀)ကျော် စစ်ကောင်စီတပ်ကို သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို)တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲမှာ (၁)နာရီကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၁၂)ဦးသေကာ အများအပြားဒဏ်ရာရပြီး ဆုတ်ခွာသွားရာ တော်လှန်ရေးတပ်များဘက်က ၆၀ မမ(BA 100) တစ်လက်၊ MA 1 တစ်လက်၊ G 3 (၂)လက်၊ အီနာဂါတစ်လုံး၊ ၆၀ မမ ကျည်တစ်လုံး၊ G 3 ကျည် (၁၈၁)တောင့်၊ (၅.၅၆)ကျည် (၁၃)တောင့်၊ မိုလ်ဘိုင်းဖုန်း(၅) လုံးနှင့် အခြားစစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)