PNA ပြည်သူ့စစ်က အဓမ္မစုဆောင်းသည့် တပ်သားသစ် ၇၀၀၀ ကျော် သင်တန်းဆင်း

PNA ပြည်သူ့စစ်က အဓမ္မစုဆောင်းသည့် တပ်သားသစ် ၇၀၀၀ ကျော် သင်တန်းဆင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထူးဒေသ(၆)တွင် PNA ပြည်သူ့စစ်၏ အတင်းအဓမ္မ စစ်သင်တန်းပေးထားသည့် တပ်သားသစ် အင်အား (၇၀၀၀)ကျော် ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့တွင် သင်တန်းဆင်းကြောင်း သိရသည်။

PNA ပြည်သူ့စစ်၏ အမှတ်စဥ်(၁) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို စစ်အင်အား (၇၀၀၀)ကျော်ဖြင့် ကျောက်တလုံးကြီးမြို့နယ်၊ နောင်ယာသုဲင်ကွင်းတွင် ကျင်းပသည်ဟု ဆိုသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းကလည်း အထူးဒေသ(၆)၊ ရန်ကင်းစစ်ဒေသတွင် PNA က စစ်သင်တန်းကို အင်အား (၂၀၀၀၀)ကျော်ဖြင့် ကျင်းပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ စစ်အင်အားများသည် PNA ပြည်သူ့စစ်က ဒေသခံများကို အတင်းအဓမ္မ စုဆောင်းထားခြင်းဖြစ်ပြီး ဝတ်စုံဖိုးနှင့် ထမင်းစာရိတ်ကိုပင် စစ်သင်တန်း တက်သူများက အကုန်အကျခံရသည်ဟု Tachileik News Agency ၏ စုံစမ်းချက်အရ သိရသည်။

#TachileikNewsAgency

Photo: Pa-O National Army