ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်းတွင် ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၃)ရက်နေ့ နံနက်ပိုင်းက (၁၀)ဘီးကုန်တင်ကားတစ်စီး ချောက်အတွင်းသို့ ထိုးကျကာ ယာဉ်မောင်း ပွဲချင်းပြီး သေဆုံးသွားကြောင်း အလင်းသစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ကုန်တင်ကားသည် မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းဟောင်း ချောက်ကပါးနှင့် အလယ်ဗိုလ်တဲကြားတွင် ပေ(၁၀၀)ခန့်ရှိသည့် ချောက်အတွင်းသို့ ထိုးကျသွားခြင်းဖြစ်ပြီး ယာဥ်မောင်းမှာ ကားနှင့်ပိနေသည့်အတွက် ကားကိုဆွဲမပြီးမှသာ ယာဥ်မောင်း၏ ရုပ်အလောင်းကို ထုတ်ယူခဲ့ရသည်ဟု သိရသည်။
#TachileikNewsAgency
Photo: အလင်းသစ်လူမှုကူညီရေးအသင်း