စစ်ကောင်စီတပ်၏ တပ်သားစုဆောင်းရေးတွင် အဓမ္မခေါ်ဆောင်ခံရသည့် တပ်သားတစ်ဦး လွိုင်ကော် PDF ထံ လက်နက်ခဲယမ်းနှင့်အတူ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့က အလင်းဝင်လာကြောင်း သိရသည်။
စစ်ကောင်စီတပ်သား မောင်အေးချမ်းအောင်သည် MA-11 သေနတ်တစ်လက်၊ ကျည်ဘောက်(၃)ခု၊ ကျည်ဆံ (၂၄၇)တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ (၁၄)မိုင်း တစ်လုံးတို့ ယူဆောင်၍ လာရောက်ပူးပေါင်းခြင်းဖြစ်ကြောင်း လွိုင်ကော် PDF က ထုတ်ပြန်သည်။
အဆိုပါ တပ်သားသည် စစ်ကောင်စီတပ်၏ တပ်သားသစ်စုဆောင်းရေးတွင် အဓမ္မခေါ်ယူစုဆောင်းခံရခြင်းဖြစ်ပြီး ပြည်သူလူထု၏ ရပ်တည်ချက်နှင့် မတူသော စစ်ကောင်စီတပ်နှင့် မပူးပေါင်းလိုသောကြောင့် အလင်းဝင်လာခြင်းဖြစ်ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့်လည်း တပ်သား မောင်အေးချမ်းအောင်ကဲ့သို့ အလင်းဝင်ရောက် ပူးပေါင်းခိုလှုံမည့်သူများအား စိစစ်၍ လက်ကမ်းကြိုဆိုနေကြောင်း ထုတ်ပြန်ထားသည်။
#TachileikNewsAgency
Photo: Loikaw Local PDF