ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စုမှ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စုမှ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးနေသည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စုမှ စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးခြင်းများ လုပ်ဆောင်နေသည့် ရာအိမ်မှူး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ကြို့ပင်ကောက်မြို့နယ် ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့ထံမှ သိရသည်။

ကြို့ပင်ကောက်မြို့နယ် ကြို့ပင်စခန်းအုပ်စုမှ ရာအိမ်မှူး သိန်းဦးအား ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၄) ရက်နေ့ ညနေ (၄)နာရီတွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ၎င်းနေထိုင်သည့် နေအိမ်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ၄င်းကိုင်ဆောင်သည့် လေသေနတ် တစ်လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ရာအိမ်မှူး သိန်းဦးသည် ရပ်ရွာအတွင်း စစ်ကောင်စီ သက်ဆိုးရှည်စေရန် လုပ်ဆောင်ပေးနေသူဖြစ်ပြီး စစ်ကောင်စီအတွက် တပ်သားသစ်စုဆောင်းပေးခြင်း ၊ အဓမ္မ ငွေကြေးကောက်ခံခြင်း ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သည့် သတင်းများအား ပေးပို့ခြင်းတို့ကြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း BTZM GBK PDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့နှင့် တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၁) Dragon Brothers တို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency