ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြိုတွင် ရေပြန်ကျနေပြီဖြစ်သော်လည်း ကျေးရွာများတွင် ရေမကျသေးဘဲ ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့အထိ အဆက်အသွယ်ပြတ်တောက်နေကြောင်း လင်းခေးမြို နမ့်ခုံးရှမ်းများ ပရဟိတအသင်းခွဲထံမှ သိရသည်။
"ရေတော့ ကျကုန်ပြီ။ ကမ်းစပ်ထိတော့ အကုန်မကျသေးဘူး။ မြောက်ဘက်ရွာတွေကတော့ကျပေမယ့် ရေထဲရှိနေတုန်း။ နားကုန်း၊ တိန်းချောင်းတလျောက်ရွာတွေပေါ့။ လမ်းပန်းဆက်သွယ်ရေးလည်းပြတ်တောက်နေတယ်။ လမ်းပျက်တွေပျက်နေတယ်။"ဟု လင်းခေးမြို့ နမ့်ခုံးရှမ်းများ ပရဟိတအသင်းခွဲမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။
ရေကြီးရေလျှံမှုကြောင့် မြို့ပေါ်တွင် လူအသေအပျောက်မရှိသော်လည်း ဒေသခံများအတွက် အစားအစာနှင့် ရေများ၊ ရိက္ခာခြောက်များ လိုအပ်နေသည်ဟု သိရသည်။
လင်းခေးကို ရေဘေးအကူအညီလာပေးလိုက တောင်ကြီး-မောက်မယ်မှ မိုးနဲဖက် ပြန်လာပြီးမှ
ဝင်ရောက်နိုင်သည့်အပြင် တောင်ကြီး-မောက်မယ်မှ နားကုန်းကျေးရွာသို့လည်း လာရောက်နိုင်သည်ဟု သိရသည်။
#TachileikNewsAgency
Photo:CJ