တာချီလိတ်မြို့တွင်း  ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း သို့  ညပိုင်းသွားလာသူများ သတိထားရန် လိုအပ်

တာချီလိတ်မြို့တွင်း  ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း သို့  ညပိုင်းသွားလာသူများ သတိထားရန် လိုအပ်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင်း ရေကြီးရေလျှံမှု အဆိုးရွားဆုံး ကြုံခဲ့ရသည့် နေရာများအနက် ပုန်းထွန် - လွယ်တော်ခမ်းသွားလမ်း လွယ်တော်ခမ်းဘက်တွင် ဆိုင်ကယ် လုယူသလို ဆိုင်ကယ်မောင်းပြေးသည့် ဖြစ်စဉ်များ ရှိနေသည့်အတွက် လွယ်တော်ခမ်းဘက် ညပိုင်းသွားလာသူများ သတိထားကြရန် အသိပေးထားသည်။

ဆိုင်ကယ် နွံနစ်နေချိန်တွင် လူငယ်နှစ်ဦး ရောက်ရှိလာပြီး ဆိုင်ကယ်ကို ဆွဲထုတ်ပေးကာ ကူညီသလို လုပ်ပြီး ဆိုင်ကယ်ကို ၎င်းတို့ကိုယ်တိုင် မောင်းပြေးသွားခြင်း ဖြစ်သည်။

"လွယ်တော်ခမ်းကို ညနေ မိုးချုပ်ရင် အသွားအလား သတိပြုပါ။ ည(၆)နာရီက ဦးဇင်းကျောင်းကို မြို့ထဲကနေ တောင်ပေါ်ကျောင်းသို့ ပြန်ချိန် အသက်(၂၄)နှစ်အရွယ် ဒကာမတစ်ဦးသည် သူ့တူမလေးနဲ့ လွယ်တော်ခမ်း ရေဘေးသင့်

သူငယ်ချင်းတစ်ဦးနားကနေ မြို့ထဲသို့ ပြန်လာချိန်  ဆိုင်ကယ်သည် ငွေအိုးကြီးဆိုင်ရှေ့က ရေချောင်းနားတွင် နွံနစ်နေသဖြင့် ညမိုးချုပ် ည(၆)နာရီ (၄၅)အချိန် အသွားအလားကပျက် လူငယ်နှစ်ဦးက ကူညီးပေးရင်းနဲ့

ဆိုင်ကယ်လည်း ကုန်ပေါ်သို့ ရောက်သွားသော် လူငယ်နှစ်ဦး မောင်းပြီထွက်ပြေးသွားပါသဖြင့် ဆိုင်ကယ်ပါးသွားပါသည်။"ဟု ဦးဇင်း အရှင်ဝရသာမိက လူမှုကွန်ယက်ကနေ ပြည်သူများ သတိထားသွားလာနိုင်ရန် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့က အသိပေး ရေးသားထားသည်ကို တွေ့ရသည်။

မောင်းပြေးသွားသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၂၀ခုနှစ်ထုတ် Honda Wave 125i အမျိုးအစား အဖြူရောင် ဖြစ်ကြောင်း သိရသည်။

 

" အကူအညီတောင်းစရာ လူကမရှိ။ မြို့ထဲကို ပြန်ဖို့ကိုတော့ ကာမလေးနှစ်ကို ဦးဇင်းကပဲ အဆင်ပြေအောင် စီစဥ်ပေးလိုက်ပါတယ်။ ဒါလည်း ပရဟိတ ကုသိုလ်ပါပဲ။ ပြောချင်တာက လူတွေက ကူညီသလို့နဲ့ နွံနစ်နေတဲ့အချိန်မှာ ဒုက္ခရောက်သူကို ဝါးနဲ့ ကူးထိုးပြီး ပိုဒုက္ခရောက်အောင် လုပ်သွားကြတယ်ဗျာ။"ဟု ဦးဇင်း အရှင်ဝရသာမိက မိန့်သည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုအပြီး ခိုးဆိုးလုယက်မှုများ ပြန်လည် ထကြွလာနေသလို မြို့တွင်း၌ လင်မယားအတွဲ  ဆိုင်ကယ်တစ်စီးဖြင့် ပတ်သွားပြီး လုယက်မှုများ လုပ်ဆောင်နေကြောင်း နှင့် ယခု ကာလအတွင်း လင်မယားစုံတွဲ နှစ်ဦး၏ လုယက်မှုများမှာ ဆိုးရွားနေကြောင်း သိရသည်။