အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအပေါ် ပတ်စပို သက်တမ်းတိုးခ တိုးမြှင့်

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများအပေါ် ပတ်စပို သက်တမ်းတိုးခ တိုးမြှင့်
စက်တင်ဘာ 17, 2024 | နိုင်ငံတကာသတင်း

 အိန္ဒိယနိုင်ငံ နယူးဒေလီရှိ မြန်မာနိုင်ငံဆိုင်ရာသံရုံက မြန်မာနိုင်ငံကူးလက်မှတ်(Passport) သက်တမ်းတိုးသူများကို မူလသတ်မှတ်နှုန်းထက်အတိုင်းမဟုတ်တော့ဘဲ အိန္ဒိယရူပီးငွေ (၆၆၀)တိုးကောက်သွားမည်ဖြစ်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့တွင် အသိပေး ကြေညာထားသည်။

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက စာအုပ်တစ်အုပ်လျှင် ယခင်က အိန္ဒိယရူပီးငွေ (၂,၉၄၀)သတ်မှတ်ထားရမှာ အောက်တိုဘာလ(၁)ရက်နေ့က စပြီး အိန္ဒိယရူပီးငွေ(၃,၆၀၀)အထိ တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး ဒဏ်ကြေးကိုတော့  စာအုပ်တစ်အုပ်လျှင် အမေရိကန်ဒေါ်လာ (၁၀၅)ဒေါ်လာ နှင့် သက်တမ်းလွန်ဒဏ်ကြေးအတွက် တစ်နှစ်ကျော်လွန်ပါက အမေရိကန်ဒေါ်လာ (၁၅)ဒေါ်လာ ယခင် သတ်မှတ်နှုန်းထားများအတိုင်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။