ကရင်နီပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်းများ မျောပါသွား၍  အကူအညီများ လိုအပ်နေ 

ကရင်နီပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်းများ မျောပါသွား၍  အကူအညီများ လိုအပ်နေ 
စက်တင်ဘာ 15, 2024 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်တဲများ ရေနစ်မြုပ်၊ မြေပြိုကျကာ စစ်ရှောင်စခန်းများ ပျက်စီးသွားသဖြင့် အကူအညီများလိုအပ်နေကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)ထံမှ သိရသည်။ 

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နေ့ကစ၍  မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ မြေပြိုကျကာ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ရှားတောမြို့ နယ်များရှိ စစ်ဘေးရှောင်နေရသော စစ်ရှောင်စခန်းများ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း စစ်ဘေးရှောင်စခန်းတွင် ရေကြီးရေလျှံမှုကြောင့် ရေထဲ တဲအိမ်များ နှစ်မြုပ်ပါသွားသည့် အိမ်ခြေ (၃၇၀)၏ လူဦးရေအတွက် အရေးပေါ် အဝတ်အထည်၊ မိုးကာ၊ အိုးခွက်ပန်းကန် နှင့်  မီးဖိုဆောင်အသုံးအဆောင်များ လိုအပ်နေသည်ဟု သိရသည်။

လှူဒါန်းပေးလိုသည့် စေတနာရှင်များအနေဖြင့် ဖုန်းနံပါတ်များဖြစ်သည့် +66964010838 နှင့် +959794401438 တို့ကို Signal မှတဆင့် ဆက်သွယ်ပြီး စုံစမ်းမေးမြန်းကာ လှူဒါန်းနိုင်သလို Facebook Page ဖြစ်သည့် KNWO ၏  Message ကနေလည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။



#TachileikNewsAgency

Photo: KNWO