ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့တွင် ဇွန်လ(၁၃)ရက်နေ့ ညပိုင်းကစ၍ မိုးအဆက်မပြတ် ရွာသွန်းမှု များကြောင့် ငွေတောင်ချောင်းမှာ တောင်ကျရေများဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရာမှ ချောင်းအနီးရှိ စာသင်ကျောင်းနှင့် နေအိမ်အပါအ၀င် အစိုးရဌာနဆိုင်ရာရုံးအချို့မှာ ရေနစ်မြုပ်ခြင်းများနှင့် ဇွန်လ(၁၄)ရက်နေ့ အထိ ကြုံတွေနေရကြောင်း သိရသည်။
ဒီးမော့ဆိုမြို့၊ ဈေးကုန်းရပ်ကွက်အား ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငွေတောင်ချောင်းမှာ တောင်ကျရေ ၀င်ရောက်မှုများပြားလာရာမှ ချောင်းရေမှာ ရေကြီးရေလျှံမှုအထိ ဖြစ်ပေါ်လာခဲ့ပြီး ဇွန်လ(၁၄)ရက်နေ့ နံနက်တွင် ရေများ ပိုမိုများလာကာ ချောင်းရေတက်လာသည့်အတွက် ချောင်းအနီးရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အပါအ၀င် နေအိမ်(၁၀)လုံးကျော် နှင့် ဌာနဆိုင်ရာရုံးအချို့အပြင် ဒါငံခါး(၄) အခြေခံပညာ မူလတန်းကျောင်းတို့မှာ ရေများဝင်ရောက် နှစ်မြုပ်မှုများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
လက်ရှိတွင် သက်ဆိုင်ရာ နှင့် မီးသတ်တပ်ဖွဲ့များမှ ကူညီပေးမှုများ လုပ်ဆောင်ပေးလျက်ရှိနေပြီး ငွေတောင်ချောင်းရေ အခြေအနေများအား စောင့်ကြည့်နေရာ အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်လာပါက လုပ်ဆောင်ပေးသွားမယ်ဟု သိရပြီး၊ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှင့် ၂၀၁၄ခုနှစ်များကလည်း အဆိုပါ ချောင်းမှ တစ်ဆင့် ရေကြီးရေလျှံမှုများ သိသိသာသာဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
ဒီးမော့ဆိုမြို့၊ ဈေးကုန်းရပ်ကွက်အား ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ငွေတောင်ချောင်းမှာ တောင်ကျရေ ဝင်ရောက်မှုများပြားလာရာမှ ချောင်းရေမှာ ရကြေီးရေလျှံမှုအထိ ဖြစ်ပေါ်လာခဲ့ပြီး ဇွန်လ(၁၄)ရက်နေ့ နံနက်တွင် ရေများ ပိုမိုများလာကာ ချောင်းရေတက်လာသည့်အတွက် ချောင်းအနီးရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အပါအဝင် နေအိမ်(၁၀)လုံးကျော် နှင့် ဌာနဆိုင်ရာရုံးအချို့အပြင် ဒါငံခါး(၄) အခြေခံပညာ မူလတန်းကျောင်းတို့မှာ ရေများဝင်ရောက် နှစ်မြုပ်မှုများနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
"မနေ့ညကတော့ သိပ်မများဘူး။ မနက်ရောက်လာတော့ အိမ်အောက်တွေထိ မြေနိမ့်ပိုင်းကျတဲ့ အိမ်တွေကျတော့ အိမ်ထဲထိ တစ်ဝက်လောက်ကိုမြုပ်ကုန်တယ်။ အပေါ်ပိုင်းမှာ မိုးအရမ်းရွာတော့ ရေပိုကြီး လာတာပေါ့။ ရေကတော့ ဆက်များလာဖို့ ရှိတယ်၊ တစ်ဖြည်းဖြည်း မြုပ်လာတာ၊ ကျွန်မအိမ်ဆို မနေ့ညက ခြံနားထိပဲ ရောက်တာ။ ဒီမနက်ကျတော့ အိမ်ထဲထိ ရောက်လာတယ်။ အိမ်သာဆို သုံးလို့ မရတော့ဘူး ။ ရေတွင်းလည်း မြုပ်သွားပြီ။ တိရစာ္ဆန်တွေကိုတော့ အကုန်ဖမ်းပြီး အမျိုးအိမ်တွေပို့်နေရတယ်။ ကလေးတွေကောပေါ့။ ဒုက္ခတော့ တော်တော်ရောက်တယ်၊ သဘာဝဘေးဆိုတော့လည်း ဘာမှလုပ်လို့မရဘူးလေ၊ စိုးတော့ စိုးရိမ်တယ်။ တစ်နိုင်ငံလုံး ရကြေီးလိုက် ဘာလိုက်နဲ့ ဖြစ်နေတာဆိုတော့ အရမ်းဆိုးမှာပဲ စိုးရိမ်တယ် "ဟု ဈေးကုန်းရပ်ကွက်မှ နေအိမ်နစ်မြုပ်ခံနေရသူ တစ်ဦးမှတာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာ နှင့် မီးသတ်တပ်ဖွဲ့များမှ ကူညီပေးမှုများ လုပ်ဆောင်ပေးလျက်ရှိနပြေီး ငွေတောင်ချောင်းရေ အခြေအနေများအား စောင့်ကြည့်နေရာ အရေးပေါ်ရွှေ့ပြောင်းရန် လိုအပ်လာပါက လုပ်ဆောင်ပေးသွားမယ်ဟု သိရပြီး၊ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် နှင့် ၂၀၁၄ခုနှစ်များကလည်း အဆိုပါ ချောင်းမှ တစ်ဆင့် ရကြေီးရေလျှံမှုများ သိသိသာသာဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း