ကျိုင်းတုံ-တာချီလိတ် သွားလမ်း တာလေနှင့် မိုင်းဖြတ်ကြားတွင် ရေတိုက်စားမှုကြောင့် လမ်းပျက်စီး

ကျိုင်းတုံ-တာချီလိတ် သွားလမ်း တာလေနှင့် မိုင်းဖြတ်ကြားတွင် ရေတိုက်စားမှုကြောင့် လမ်းပျက်စီး
စက်တင်ဘာ 13, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်-တာလေ-မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေ-မိုင်းဖြတ် လမ်းပိုင်းတွင် ရေကြီးရေလျှံမှုကြောင့် ချောင်းရေတိုက်စားကာ ကားလမ်းမကြီး ပျက်စီးနေသည်ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့က တွေ့ရသည်။

လမ်းပျက်စီးမှုကြောင့် တာချီလိတ်-တာလေ-မိုင်းဖြတ်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးမှာ သွားလာ၍မရတော့ဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေကြောင်း သိရသည်။ 

#TachileikNewsAgency

Photo : Pyae Sone Aung