ရှမ်းပြည်နယ်တောင်ပိုင်းဒေအတွင်း တောင်ကျရေနှင့်အတူ ရေကြီးရေလျှံမှုများကြောင့် မြေပြိုကျခြင်းများအထိ ဖြစ်ပေါ်

ရှမ်းပြည်နယ်တောင်ပိုင်းဒေအတွင်း တောင်ကျရေနှင့်အတူ ရေကြီးရေလျှံမှုများကြောင့် မြေပြိုကျခြင်းများအထိ ဖြစ်ပေါ်
စက်တင်ဘာ 11, 2024 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်းဒေအတွင်း တောင်ကြီးခရိုင်အတွင်းဖြစ်သည့် တောင်ကြီးမြို့ အပါအဝင်   ရွှေညောင်၊ ညောင်ရွှေ နှင့် ဟိုပုံးမြို့နယ်တွင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကျချောင်းရေကြောင့်  မြေပြိုကျခြင်းများရှိနေသည်ဟု သိရသည်။

ယနေ့နံနက်ပိုင်းတွင် ရွှေညောင်မြို့ ကုန်းလှိုင်ကန် တာရိုးရေကျော်ပြီး လမ်းပေါ်သို့ ရေတက်လာသဖြင့် ရွှေညောင်-ဟက်ကယ်သို့ ဖြတ်သန်း၍ မရေတာ့ဘဲ ရွှေညောင် တစ်မြို့လုံးနီးပါး ရေမြုပ်နေ၍ အကူအညီ လိုအပ်နေသည်ဟု သိရသည်။



တောင်ကြီးမြို့တွင်လည်း တောင်ကြီးတက္ကသိုလ်နှင့်ဧရာဝတီကဖေးကြား ရေကန်အကွေ့လမ်းမပေါ် ရေတက်နေပါသဖြင့် ဆိုင်ကယ်များ ဖြတ်သန်း၍ မရတော့ကြောင်း သိရသည်။

အေးသာယာမှ တောင်ကြီးမြို့ပေါ်သို့ တက်လာရန် မဖြစ်နိုင်တော့ဘဲ တောင်ကျချောင်းရေကြောင့် အန္တရာယ်ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

ထို့အပြင် တောင်ကြီး ကျောင်းကြီးစုရပ်ကွက် ရွေသူဌေးကုန်း နယ်မြေ ၈ ဗုဒ္ဓဂါယာလမ်းထဲ၌ မြေပြိုမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ညောင်ရွှေမြို့တွင်လည်း မြို့အဝင်သာစည်ကန်မှ ရေများ မြို့အတွင်းသို့ လျှံတက်လာသောကြောင့် မြို့ တွင်း အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်လာနေပြီဟု သိရသည်။

ဟိုပုံးမြို့တွင်လည်း ရပ်ကွက်များအတွင်း ရေကြီး စေလျှံမှုဖြစ်ကာ မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားနေဟု သိရသည်။



#TachileikNewsAgency

Photo: CJ