ဖယ်ခုံမြို့နယ်ရှိ လအိ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲရာ အများအပြား ထိခိုက်ဒဏ်ရာရ

ဖယ်ခုံမြို့နယ်ရှိ လအိ စစ်ရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲရာ အများအပြား ထိခိုက်ဒဏ်ရာရ
စက်တင်ဘာ 6, 2024 | 2021 Military Coup| ကယား

ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်ရှိ လအိ စစ်ရှောင်စခန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့ ည(၁၀)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ စစ်ဘေးရှောင်အများအပြား ထိခိုက်သေဆုံးကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းမှ ဆရာမ အပါအဝင် ကျောင်းသူ၊ ကျောင်းသား (၉)ဦး သေဆုံးသွားပြီး ကျောင်းသူ၊ ကျောင်းသားများစွာ ဒဏ်ရာရရှိသည်ဟု ကနဦး သတင်းရရှိသည်။

#TachileikNewsAgency

Photo: Chit Sanlay