ဝ တောင်ပိုင်းမှ ပြည်ပသို့ အလုပ်သွားလုပ်သူ ဝ အမျိုးသားများ စစ်မှုထမ်းရေး ပြန်လာရန် စာထုတ် 

ဝ တောင်ပိုင်းမှ ပြည်ပသို့ အလုပ်သွားလုပ်သူ ဝ အမျိုးသားများ စစ်မှုထမ်းရေး ပြန်လာရန် စာထုတ် 

ဝ တောင်ပိုင်းဒေသအတွင်းမှ ပြည်ပနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြသည့် ဝ အမျိုးသားများ နေရပ်သို့ အမြန်ဆုံးပြန်လာပြီး စစ်မှုထမ်းကြရန် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တောင်ပိုင်းစစ်ဒေသ (၁၇၁)က၂၀၂၄ ခုနှစ် သြဂုတ်လ (၃၀)ရက်နေ့တွင် ထုတ်ပြန်သည်။ 

လာအိုနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ တောင်ပိုင်းမှ ဝ အမျိုးသားများအနေဖြင့် စက်တင်ဘာလ (၇)ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာလုံခြုံရေးဌာန၌ စာရင်းပေးသွင်းကြရန် သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်ပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

UWSA က ဝ တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်း စစ်မှုထမ်းရန် တပ်သားသစ် (၄)ထောင်စီ ကောက်ခံသွားမည်ဟုလည်း သိရသည်။ 

UWSA သည် ယခင်က တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေဖြင့် တပ်သားသစ် ကောက်ယူနေခြင်းဖြစ်ပြီး စစ်မှုထမ်းကာလကို အမျိုးသမီးများအတွက် (၅)နှစ်နှင့် အမျိုးသားများအတွက် (၉)နှစ် သတ်မှတ်ထားကြောင်း သိရသည်။ 

ဝ တောင်ပိုင်းတွင် မိုင်းကန်၊ နာယောင်း၊ ဝမ်းဟုန်၊ မိုင်ယွန်း၊ ဟွေအော၊ မိုင်ကျွတ်နှင့် ခိုင်လုံ စသည့်ဒေသများပါဝင်သည်။

#TachileikNewsAgency