ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့ ထပ်လုံစေတီတော်အဆင်းတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာမှ ယာဉ်မောင်းသေဆုံးပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့၏ နံနက်ပိုင်းက ဖြစ်ပွားခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးမှာ မစိုးရိမ်ရကြောင်း သိရသည်။
Mazda အမျိုးအစား မော်တော်ယာဉ်သည် ထပ်လုံစေတီတော်အဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းအဆင်း၏ ညာဘက်ရှိ ဓါတ်တိုင်အား ဝင်ရောက် တိုက်မိရာမှ တိမ်းမှောက်သွားပြီး ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
သေဆုံးသူမှာ မိုင်းယောင်းမြို့နယ် ဝမ်တပ်ကျေးရွာအုပ်စုအတွင်း ဝမ်ဘန်းကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ မိုင်းယောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးပြီး သေဆုံးသူ၏ ရုပ်အလောင်းကို မိုင်းယောင်းမြို့နယ် မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#TachileikNewsAgency
Photo: MFDF, မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်း