ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းမြို့နယ်အတွင်း မိုးရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် ခိုကဲ - ပါမန်း - ဝမ်ကောင်း - ဝမ်တောင်းလမ်း(ဓါတ်လုံစေတီတော်သွားလမ်း)ပေါ်ရှိ တံတားတစ်စင်း ပြိုကျပျက်စီးမှု ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။
ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့ နံနက်အစောပိုင်းအချိန်က အဆိုပါ တံတားမှာ ပြိုကျပျက်စီးသွား၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှု မရှိစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ခိုကဲ-ရဲဘော်ဟောင်း - ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း နှင့် ခိုကဲ-ယမ်းခမ်း-ဝမ်ဖြို-ပါမန်း-ဝမ်ကောင်း-ဝမ်တောင်းလမ်း အပြင် ခိုကဲ-မုန်းလိုက်-ဝမ်တောင်း-ဝမ်ကောင်း-ပါမန်းလမ်းတို့ကို အသုံးပြုနိုင်ရေးအတွက် လမ်းလွှဲပြုလုပ်ပေးထားကြောင်း သိရသည်။
ပြိုကျပျက်စီးသွားသည့် တံတား၏ သက်တမ်းမှာ နှစ်ပေါင်း (၂၀)ဝန်းကျင် ကြာမြင့်နေပြီဖြစ်ကြောင်းနှင့် အဆိုပါနေရာကို အရှည်(၂၅)ပေ၊ အကျယ်ဝန်း ပေ(၂၀)ရှိသည့် တံတားတစ်စင်း ဆောက်လုပ်သွားရန် စီစဉ်နေလျှက်ရှိကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် မိုင်းယောင်းခရိုင်အတွင်းတို့တွင် ဩဂုတ်လ(၂၁)ရက်နေ့ ညပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။