KNU တပ်မဟာ ၅ နယ်မြေအတွင်း သြဂုတ်လဝက်အတွင်း တိုက်ပွဲပေါင်း ၅၇ ကြိမ် ဖြစ်ပွား

KNU တပ်မဟာ ၅ နယ်မြေအတွင်း သြဂုတ်လဝက်အတွင်း တိုက်ပွဲပေါင်း ၅၇ ကြိမ် ဖြစ်ပွား

ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော် (ဖာပွန်) ခရိုင် ၊ KNU တပ်မဟာ (၅) နယ်မြေအတွင်း သြဂုတ်လဝက်အတွင်း တိုက်ပွဲပေါင်း (၅၇)ကြိမ် ဖြစ်ပွားကြောင်း KNU ဗဟိုထံမှ သိရသည်။

၂၀၂၄ခုနှစ်၊ ဩဂုတ်လ (၁)ရက်နေ့မှ (၁၅) ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ အမှတ် (၅) တပ်မဟာနှင့် စစ်ကောင်စီတို့ တိုက်ပွဲပေါင်း (၅၇) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ (၂၀)ဦး သေဆုံးပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ အမှတ်(၅) တပ်မဟာနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ရိက္ခာများအား လေယာဉ်ဖြင့် ပို့ဆောင်ခြင်းတို့အား ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လအတွင်း တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် (၅)ကြိမ် ပစ်ခတ်မှုကြောင့် မူတြော်(ဖာပွန်) ခရိုင် အတွင်း အရပ်သား(၁) ဦးနှင့် နွားတစ်ကောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့် ကျေးရွာများသို့ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးနှင့်လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်အတွင်း ဒေသခံ (၈၈,၈၉၇)ဦး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU