မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်တစ်ဦး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်တစ်ဦး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်တိုင်း မှော်ဘီမြို့နယ်အခြေစိုက် ရဲတပ်ရင်း(၅)မှ ရဲတပ်ဖွဲ့ဝင်တစ်ဦး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ ၂၀၂၄ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့က အလင်းဝင်လာကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

“အခုသူ ရုန်းလို့ရတဲ့အခြေအနေကြောင့်ပေါ့။ မိသားစုလုံခြုံရေး၊ သူ့လုံခြုံရေးအဲဒါတွေ ပြည့်စုံလာတဲ့အခါ သူဒီဘက်ကို ရုန်းထွက်လာတာပါ။ စစ်ကောင်စီတပ်က တောင်သာကို လွန်ခဲ့တဲ့ (၃)လလောက်ကတည်းက အင်အားဖြည့်ထားချိန် သူလည်းရောက်နေတာပါ။”ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က Tachileik News Agency ကိုပြောသည်။ 

ရဲတပ်သား မျိုးချစ်သူ ဆိုသူသည် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံသို့ G-3 အမျိုးအစားတစ်လက်၊ ကျည်(၁၅၀)တောင့်၊ လက်ပစ်ဗုံး(၁)လုံးနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသဖြင့် ဂုဏ်ပြုငွေသိန်း(၅၀)ကျပ် ကို ချီးမြင့်ထားကြောင်း သိရသည်။

#TachileikNewsAgency

Photo: တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့