တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ကြောင်း တနင်္သာရီမြို့နယ် (ပ.က.ဖ) ထံမှ သိရသည်။

၂၀၂၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် တနင်္သာရီမြို့နယ်အတွင်းရှိ ဆင်ခေါင်းရွာနှင့် ကဏန်းကွင်းရွာတို့ကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၁၄)ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ၆ မိုင်ရွာကို စစ်ကောင်စီမှ K-8W Jet Fighter အမျိုးအစားတိုက်လေယာဉ် အသုံးပြုပြီး နံနက် (၁၀) နာရီတွင် တစ်ကြိမ်၊ နံနက် (၁၁)နာရီခန့်တွင် တစ်ကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း အဆောက်အဦးတချို့ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း တနင်္သာရီမြို့နယ် (ပ.က.ဖ) က ဆိုသည်။

စစ်ကောင်စီ၏ ပြည်သူများနေထိုင်သည့် ကျေးရွာများကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့