ရေစကြိုမြို့နယ် ဟင်္သာပျူရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်

ရေစကြိုမြို့နယ် ဟင်္သာပျူရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ စောင့်ကြို ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဟင်္သာပျူရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အသင့်စောင့်ကြို ပစ်ခတ်တိုက်ခိုက်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)ထံမှ သိရသည်။

ရေစကြိုမြို့နယ် ဟင်္သာပျူရွာမှ ထွက်လာသည့် အင်အား (၄၀)ခန့်ပါရှိသည့် စစ်တပ်နှင့်ပျူစောထီးပူးပေါင်းတပ်ဖွဲ့အား ၂၀၂၄ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်တွင် ဟင်္သာကျေးရွာနှင့် ကိုရင့်ကျွန်းကျေးရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြာချိန် မိနစ် (၃၀)ကျော် ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးအား ဆွဲခေါ်သွားသည်ကို မျက်မြင်တွေ့ရှိရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိနိင်ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ Mi 35 ဖြင့် မိနစ် (၃၀)နီးပါး လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၁၀)ရက်နေ့ကလည်း ရေစကြိုမြို့နယ် ခလရ (၂၅၈)တပ်ရင်း မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သယ်ဆောင်လာသည့် အိမ်စီးကား (၂) စီးအား ရေစကြိုမြို့နယ် ပ.က.ဖ မှ လမ်းတွင် အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency