ရွှေဘိုမှ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကို PNLA ဖမ်းမိ

ရွှေဘိုမှ စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးကို PNLA ဖမ်းမိ
သြဂုတ် 11, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ် ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား (၃)ဦးသေကာ စစ်မှုထမ်းသင်တန်းတစ်ဦးကို အရှင်ဖမ်းမိကြောင်း PNLA  ထံမှ သိရသည်၊

ယမန်နေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းဖြစ် ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်သားအလောင်း (၃)လောင်းကျန်ရှိခဲ့ပြီး အလောင်းများကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သင်္ဂြိုလ်ပေးခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး MA1 သေနတ်တစ်လက်နှင့် ဒရုန်းတစင်းကိုလည်း သိမ်းဆည်းရမိသည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းသည် ရွှေဘိုမှ စစ်မှုထမ်းသင်တန်းဆင်းဦးဖြစ်ပြီး ဆီဆိုင်မြို့သို့ အပို့ခံရသည်မှာ (၁)လမပြည့်သေးကြောင်း သိရသည်။

#TachileikNewsAgency

Photo: PNLA News & Info