ပါရီမြို့ရှိ မြန်မာသံရုံးဝန်ထမ်းတစ်ဦး CDM ပြုလုပ်

ပါရီမြို့ရှိ မြန်မာသံရုံးဝန်ထမ်းတစ်ဦး CDM ပြုလုပ်

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ မြန်မာသံရုံးမှ သံရုံးစာရေး ဒေါ်ဌေးဌေးဝင်းက CDM ပြုလုပ်ကြောင်း ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ဖော်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနတွင် (၂၇)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် မတရားအာဏာသိမ်းယူထားသည့် စစ်အုပ်စု၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုသည့်ဆန္ဒမရှိခြင်း၊  နိုင်ငံတကာစာမျက်နှာတွင်လည်း အဆိုပါ တရားမဝင်စစ်အုပ်စုကို ကိုယ်စားပြုရန် ဆန္ဒမရှိခြင်း၊ ဒီမိုကရေစီပြန်လည်ရရှိရန်အတွက် ကြိုးပမ်းလျက်ရှိသည့် မြန်မာနိုင်ငံပြည်သူများအပေါ်  ဖမ်းဆီးသတ်ဖြတ် နှိမ်နှင်းမှုများကို လုံးဝလက်မခံနိုင်ခြင်းတို့ကြောင့် ပြည်သူ့ဘက်မှ ရပ်တည်၍ Civil Disobedience Movement(CDM)တွင် ပါဝင်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

CDM တွင်ပါဝင်မှုသည် မြန်မာပြည်သူများနှင့်အတူရပ်တည်၍ မြန်မာနိုင်ငံသားတစ်ယောက်၏ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ခြင်းဖြစ်ပြီး လက်ရှိရာထူးမှနုတ်ထွက်ခြင်း မဟုတ်ကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်သည့်အတွက် ပြည်သူများနှင့် ဓမ္မဘက်မှသာ အခိုင်အမာရပ်တည်သွားမည်ဖြစ်ပြီး တရားမျှတမှု၊ ဖြောင့်မတ်မှန်ကန်မှုနှင့် အမှန်တရားတို့ကို အလိုရှိကြောင်း၊ ယခုဆုံးဖြတ်ချက်သည် မိမိ၏ သဘောဆန္ဒအလျောက်သာ ပြုလုပ်ခြင်းဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်များ၏ တိုက်တွန်းအားပေးချက် လုံးဝမဟုတ်ကြောင်းနှင့် မိသားစုများ၊ မိတ်ဆွေအသိုင်းအဝန်းနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထားသည်။

#TachileikNewsAgency