တန့်ဆည်မြို့နယ် ကျွန်းတောကုန်းကျေးရွာဓမ္မာရုံ၌ အထိုင်ချနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

တန့်ဆည်မြို့နယ် ကျွန်းတောကုန်းကျေးရွာဓမ္မာရုံ၌ အထိုင်ချနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကျွန်းတောကုန်းကျေးရွာဓမ္မာရုံ၌ အထိုင်ချနေသည့် စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Civil Armed Force (CAF) မှ သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ် ဝါးရငယ်-ခင်နုဆည် ကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၄ခုနှစ် ဇွန်လ (၆) ရက်နေ့ မနက်အစောပိုင်းတွင် ကျွန်းတောကုန်းကျေးရွာသို့ထွက်ခွာလာပြီး ကွန်းတောကုန်းကျေးရွာဓမ္မာရုံ၌ အထိုင်ချစဉ် နံနက် ကိုးနာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဇွန်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အထိနာသည့် စစ်တပ်သည် ကျွန်းတောကုန်းရွာပတ်ချာလည်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးသီးချခြင်းတို့လုပ်ဆောင်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ညနေပိုင်းတွင် ဝါးရငယ်-ခင်နုဆည် ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး ၎င်းတို့စခန်းချခဲ့သည့် ကျွန်းတောကုန်းရွာ(မူးဘောင်)အထွက်တွင် အရပ်သားနေအိမ်များမှ စပါးအိတ်များဖြင့် ဘန်ကာတည်ဆောက်ပြီး နင်းမိုင်းများလည်း ခင်းခဲ့ကြောင်း Civil Armed Force (CAF) မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Civil Armed Force (CAF) နှင့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency