မြန်မာပြည်သူလူထုရွေးချယ်သည့် အစိုးရကို AA အသိအမှတ်ပြုမည်

မြန်မာပြည်သူလူထုရွေးချယ်သည့် အစိုးရကို AA အသိအမှတ်ပြုမည်

မြန်မာပြည်သူလူထုရွေးချယ်သည့် အစိုးရနှင့် ပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် အစိုးရကို အသိအမှတ်ပြုမည်ဖြစ်ကြောင်း အရက္ခတပ်တော် (AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ယနေ့  ၂၀၂၄ ခုနှစ် ဇွန်လ (၈)ရက်နေ့တွင်ပြုလုပ်သည့် ULA/AA၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ရခိုင်ပြည်သူတွေအနေနဲ့ မြန်မာပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ကို ကျွန်တော်တို့အမြဲတမ်း လေးစားတန်ဖိုးထားပါတယ်။ တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးဖို့ဆိုတဲ့ ရပ်တည်ချက်က ကျွန်တော်တို့ ULA/AA မှာရှိပါတယ်။ မြန်မာပြည်သူတစ်ရပ်လုံးအတွက် တာဝန်ယူ၊ တာဝန်ခံမှုရှိတဲ့ ဆောင်ရွက်နိုင်တဲ့ အစိုးရကို ကျွန်တော်တို့က အသိအမှတ်ပြု ထောက်ခံပေးသွားဖို့ဖြစ်ပါတယ်။"ဟု ဦးခိုင်သုခက ပြောသည်။

ULA/AA အနေဖြင့် တော်လှန်ရေးကာလတွင် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်သည့် လူ့ဘောင်ကို တည်ဆောက်ရန်အတွက် ရက္ခိတလမ်းစဉ်ကို ချမှတ်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။

"အာရက္ခပြည်ထဲမှာနေကြတဲ့ လူမျိုးပေါင်းစုံရဲ့ တန်းတူညီမျှ‌ရေး၊ အခွင့်အရေးနဲ့ တာဝန်တွေကို ပြီးအောင်တည်ထောင်ပြီးရင် အနာဂတ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ NUG မှာ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတာကို ကျွန်တော်တို့ဘက်က

အမှန်ကိုပြောရဖို့ဆိုတော့ကာ မြန်မာပြည်သူတစ်ရပ်လုံးက ဘယ်သူ့ကို အသိအမှတ်ပြုလဲ ဘယ်သူ့ကိုပိုပြီး လိုလားလဲဆိုတဲ့ မြန်မာပြည်သူတွေအတွက် ဘယ်သူက အရည်အချင်းရှိရှိနဲ့ တာဝန်ခံ၊ တာဝန်ယူပေးလဲဆိုတဲ့အချက်ကပိုပြီးတော့ အက္ခရာကျတယ်လို့ မြင်ပါတယ်။"ဟု ဦးခိုင်သုခကပြောသည်။

ပြည်သူများအတွက် အစိုးရတာဝန်ကို မည်သူကယူနိုင်သည်ဆိုသည့်အချက်ပေါ်မူတည်ပြီး ရွေးချယ်ရမည်ဟုလည်း ဆိုသည်။

#TachileikNewsAgency